ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေခြးကိုက္ခံရလို႔ လာေရာက္ ကာကြယ္ေဆးထိုးတဲ့သူ ဦးေရဟာ ၂ဝ၁၇ တစ္ႏွစ္လုံးမွာ ၇,၅ဝ၃ ဦး ရွိခဲ့ျပီး ဒီႏွစ္ ေအာက္တိုဘာအထိ ေခြးကိုက္ခံရလို႔ လာတဲ့လူနာဟာ ၈,၆၂၄ ဦးထိရွိေနပါၿပီလို႔ ျမန္မာတိုင္မ္းရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

၂၀၁၈ ခုႏွစ္ရဲ႕ မတ္လမွာ ၁,ဝ၇၉ ဦး၊ စက္တင္ဘာမွာ ၁,၁၅၂ ဦးနဲ႔ ေအာက္တိုဘာမွာ ၁,၃၉၄ ဦးရွိခဲ့တယ္။ ဒီလေတြအနက္ ေအာက္တိုဘာလဟာ သုံးႏွစ္အတြင္း တစ္လတည္းေခြးကိုက္ခံရမႈ အမ်ားဆုံး စံခ်ိန္တင္တဲ့လ ျဖစ္ခဲ့သလို ၿပီးခဲ့တဲ့ႏိုဝင္ဘာမွာလည္း ေခြးကိုက္ခံရလို႔ ကာကြယ္ေဆးလာထိုးတဲ့ လူနာအေရအတြက္ဟာ တစ္ရက္ကို ပ်မ္းမွ်အားျဖင့္ ၅ဝ ကေန ၇ဝ ၾကား ရွိေနတယ္လို႔လည္း သိထားရတယ္။

ဆင္ေျခဖုံးရပ္ကြက္ေတြတင္မကပဲ ရန္ကုန္ၿမိဳ႕ထဲတစ္ဝိုက္မွာေတာင္ ေခြးေလေခြးလြင့္ေတြ ေနရာအႏွံ႔အျပား ရွိေနပါတယ္။ အဆိုးဝါးဆံုး ျပႆနာကေတာ့ ကာကြယ္ေဆး မထိုးရင္ ရာႏႈန္းျပည့္ေသေစႏိုင္တဲ့ Rabies ဗိုင္းရပ္စ္ဟာ လမ္းေဘး ေလလြင့္ပိုင္ရွင္မဲ့ေခြးေတြအၾကား အလြယ္တကူ ပ်ံ႕ႏွံ႔ႏိုင္ၿပီး လူတစ္ေယာက္ကို ကိုက္ၿပီဆိုတာနဲ႔ ကိုက္တဲ့ေခြးဟာ ဗိုင္းရပ္စ္ကူးစက္ခံထားရတာ ဟုတ္၊ မဟုတ္ သိရဖို႔ အင္မတန္ခက္ခဲလို႔ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ပြင့္လင္းရာသီေရာက္ၿပီဆိုရင္ ေခြးကိုက္ခံေနရတဲ့လူနာ အေရအတြက္ ပိုမိုမ်ားျပားလာတယ္လို႔ ရန္ကုန္ၿမိဳ႕ေပၚက ေဆး႐ုံႀကီးေတြက ျပဳစုထားတဲ့ ကိန္းဂဏန္းေတြက ေဖာ္ျပေနပါတယ္။ ေခြး႐ူးေရာဂါ ျဖစ္ပြားမႈေလွ်ာ့ခ်ဖို႔နဲ႔ ေခြးကိုက္ခံရႏႈန္း ေလ်ာ့က်သြားဖို႔ အဓိကလုပ္ေဆာင္သင့္တဲ့ ေခြးေလေခြးလြင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းကို အာဏာပိုင္ေတြက လက္ရွိအခ်ိန္အထိ ထိထိေရာက္ေရာက္ မလုပ္ေဆာင္ႏိုင္ေသးဘူးဆိုတာ ဒီကိန္းဂဏန္းေတြက ၫႊန္ျပေနပါတယ္။

ေလလြင့္ေခြး အေကာင္ အရည္အတြက္ ေလွ်ာ့ခ်ထိန္းသိမ္းႏိုင္ဖို႔ ေခြးေတြကို သားဆက္ျခားေဆးထိုးေပးတာ၊ ေခြး႐ူးေရာဂါ ကာကြယ္ေဆးထိုးေပးတာ၊ အမ်ားျပည္သူကို အႏၲရာယ္ျပဳႏိုင္တယ္လို႔ ယူဆရတဲ့ ေခြးေတြကို ေခြးထိန္းသိမ္းေရးေဂဟာပို႔တာ စတဲ့ အစီအစဥ္ေတြ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက လုပ္ေဆာင္ေနပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ဘ႑ာေငြခြဲေဝသုံးစြဲမႈေပၚမွာ မူတည္ၿပီးေတာ့ လမ္းမေတာ္၊ လသာ၊ ပန္းဘဲတန္းနဲ႔ ေက်ာက္တံတား စတဲ့ၿမိဳ႕နယ္ေတြမွာ မ်ိဳးပြားထိန္းခ်ဳပ္တာကိုလည္း ခြဲစိတ္ျခင္းနဲ႔ ေခြး႐ူးကာကြယ္ေဆးကိုလည္း အခမဲ့ထိုးႏွံေပးေနပါတယ္။ ဒါေပမဲ့ ေလလြင့္ ေခြးေတြကို မ်ိဳးပြားမႈထိန္းခ်ဳပ္တာ ကေတာ့ ေခြးထီးေတြကိုပဲ ေဆာင္႐ြက္ေပးႏိုင္ေသးတာျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေခြးအေကာင္ေရဟာ ပ်မ္းမွ်အားျဖင့္ ေလးသန္းေက်ာ္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ပ်မ္းမွ်ေခြးေကာင္ေရ ႏွစ္သိန္းေလာက္ရွိႏိုင္မယ္လို႔ ျမန္မာႏိုင္ငံက ကြၽမ္းက်င္ ဝါရင့္တိရစာၦန္ေဆးကုဆရာဝန္မ်ားက ခန္႔မွန္းထားပါတယ္။ ဒါေပမယ့္ ေခြးနဲ႔ ေၾကာင္ေတြကို ကာကြယ္ေဆးလႊမ္းၿခဳံ ႏိုင္မႈက ၿမိဳ႕ျပေဒသေတြမွာ ၂ဝ ရာခိုင္ႏႈန္းနဲ႔ ေက်းလက္ ေဒသေတြမွာ ၅ ရာခိုင္ႏႈန္းသာ ရွိႏိုင္တယ္လို႔ သူတို႔က ဆိုပါတယ္။ ဆိုလိုတာက ၿမိဳ႕ျပမွာ ေခြးနဲ႔ေၾကာင္ ၁ဝ ေကာင္မွာ ႏွစ္ေကာင္ကပဲ ကာကြယ္ေဆးထိုးတာပါ။

ဒါေၾကာင့္ ေခြးေလေခြးလြင့္ ထိန္းခ်ဳပ္ေရးျပႆနာဟာ လိုအပ္ခ်က္ေတြ ၾကီးမားေနဆဲလို႔ ဆိုရမွာျဖစ္ျပီး သာမာန္ျပည္သူေတြအတြက္ကေတာ့ လမ္းမေတြေပၚက စည္းကမ္းမဲ့ ေလလြင့္ေခြး အႏၱရာယ္ကေန ကင္းေဝးဖို႔ရာ ေဝးကြားေနဦးမွာျဖစ္ပါတယ္။

UNICODE

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွေးကိုက်ခံရလို့ လာရောက် ကာကွယ်ဆေးထိုးတဲ့သူ ဦးရေဟာ ၂ဝ၁၇ တစ်နှစ်လုံးမှာ ၇,၅ဝ၃ ဦး ရှိခဲ့ပြီး ဒီနှစ် အောက်တိုဘာအထိ ခွေးကိုက်ခံရလို့ လာတဲ့လူနာဟာ ၈,၆၂၄ ဦးထိရှိနေပါပြီလို့ မြန်မာတိုင်မ်းရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ မတ်လမှာ ၁,ဝ၇၉ ဦး၊ စက်တင်ဘာမှာ ၁,၁၅၂ ဦးနဲ့ အောက်တိုဘာမှာ ၁,၃၉၄ ဦးရှိခဲ့တယ်။ ဒီလတွေအနက် အောက်တိုဘာလဟာ သုံးနှစ်အတွင်း တစ်လတည်းခွေးကိုက်ခံရမှု အများဆုံး စံချိန်တင်တဲ့လ ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နိုဝင်ဘာမှာလည်း ခွေးကိုက်ခံရလို့ ကာကွယ်ဆေးလာထိုးတဲ့ လူနာအရေအတွက်ဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၅ဝ ကနေ ၇ဝ ကြား ရှိနေတယ်လို့လည်း သိထားရတယ်။

ဆင်ခြေဖုံးရပ်ကွက်တွေတင်မကပဲ ရန်ကုန်မြို့ထဲတစ်ဝိုက်မှာတောင် ခွေးလေခွေးလွင့်တွေ နေရာအနှံ့အပြား ရှိနေပါတယ်။ အဆိုးဝါးဆုံး ပြဿနာကတော့ ကာကွယ်ဆေး မထိုးရင် ရာနှုန်းပြည့်သေစေနိုင်တဲ့ Rabies ဗိုင်းရပ်စ်ဟာ လမ်းဘေး လေလွင့်ပိုင်ရှင်မဲ့ခွေးတွေအကြား အလွယ်တကူ ပျံ့နှံ့နိုင်ပြီး လူတစ်ယောက်ကို ကိုက်ပြီဆိုတာနဲ့ ကိုက်တဲ့ခွေးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာ ဟုတ်၊ မဟုတ် သိရဖို့ အင်မတန်ခက်ခဲလို့ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပွင့်လင်းရာသီရောက်ပြီဆိုရင် ခွေးကိုက်ခံနေရတဲ့လူနာ အရေအတွက် ပိုမိုများပြားလာတယ်လို့ ရန်ကုန်မြို့ပေါ်က ဆေးရုံကြီးတွေက ပြုစုထားတဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ ခွေးရူးရောဂါ ဖြစ်ပွားမှုလျှော့ချဖို့နဲ့ ခွေးကိုက်ခံရနှုန်း လျော့ကျသွားဖို့ အဓိကလုပ်ဆောင်သင့်တဲ့ ခွေးလေခွေးလွင့် ထိန်းချုပ်ရေးလုပ်ငန်းကို အာဏာပိုင်တွေက လက်ရှိအချိန်အထိ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးဘူးဆိုတာ ဒီကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။

လေလွင့်ခွေး အကောင် အရည်အတွက် လျှော့ချထိန်းသိမ်းနိုင်ဖို့ ခွေးတွေကို သားဆက်ခြားဆေးထိုးပေးတာ၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးတာ၊ အများပြည်သူကို အန္တရာယ်ပြုနိုင်တယ်လို့ ယူဆရတဲ့ ခွေးတွေကို ခွေးထိန်းသိမ်းရေးဂေဟာပို့တာ စတဲ့ အစီအစဉ်တွေ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုပေါ်မှာ မူတည်ပြီးတော့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနဲ့ ကျောက်တံတား စတဲ့မြို့နယ်တွေမှာ မျိုးပွားထိန်းချုပ်တာကိုလည်း ခွဲစိတ်ခြင်းနဲ့ ခွေးရူးကာကွယ်ဆေးကိုလည်း အခမဲ့ထိုးနှံပေးနေပါတယ်။ ဒါပေမဲ့ လေလွင့် ခွေးတွေကို မျိုးပွားမှုထိန်းချုပ်တာ ကတော့ ခွေးထီးတွေကိုပဲ ဆောင်ရွက်ပေးနိုင်သေးတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ခွေးအကောင်ရေဟာ ပျမ်းမျှအားဖြင့် လေးသန်းကျော်နဲ့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပျမ်းမျှခွေးကောင်ရေ နှစ်သိန်းလောက်ရှိနိုင်မယ်လို့ မြန်မာနိုင်ငံက ကျွမ်းကျင် ဝါရင့်တိရစ္ဆာန်ဆေးကုဆရာဝန်များက ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ခွေးနဲ့ ကြောင်တွေကို ကာကွယ်ဆေးလွှမ်းခြုံ နိုင်မှုက မြို့ပြဒေသတွေမှာ ၂ဝ ရာခိုင်နှုန်းနဲ့ ကျေးလက် ဒေသတွေမှာ ၅ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ဆိုလိုတာက မြို့ပြမှာ ခွေးနဲ့ကြောင် ၁ဝ ကောင်မှာ နှစ်ကောင်ကပဲ ကာကွယ်ဆေးထိုးတာပါ။

ဒါကြောင့် ခွေးလေခွေးလွင့် ထိန်းချုပ်ရေးပြဿနာဟာ လိုအပ်ချက်တွေ ကြီးမားနေဆဲလို့ ဆိုရမှာဖြစ်ပြီး သာမာန်ပြည်သူတွေအတွက်ကတော့ လမ်းမတွေပေါ်က စည်းကမ်းမဲ့ လေလွင့်ခွေး အန္တရာယ်ကနေ ကင်းဝေးဖို့ရာ ဝေးကွားနေဦးမှာဖြစ်ပါတယ်။