ပြီးခဲ့တဲ့ ရက်က စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်မှ ထွက်ခွာလိုက်ရပြီးနောက် နည်းပြ မီခေးလ်အာတီတာဟာ ပွဲပန်းမှုအား အပြစ်တင်လာပါတယ်။
နယူးကာဆယ်ဟာ အာဆင်နယ်ကို နှစ်ကျောပေါင်းရလဒ် ၄-၀ ဖြင့် အနိုင်ယူပြီး ခါရာဘောင်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ၄၁ ရက်အတွင်းတွင် ၁၂ ပွဲအထိ ကစားခဲ့ရပြီးနောက် ဆုဖလား ရရှိနိုင်မဲ့အခွင့်အရေး လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခုအခါ ၎င်းတို့ဟာ ဒူဘိုင်းသို့ ရာသီဝက် လေ့ကျင့်ခန်းအစီအစဉ် သွားရောက် ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
အာတီတာက “ဒါကို မျိုချရမယ်။ အရမ်းခက်ခဲတဲ့အရာတစ်ခုပါ။ မျှော်လင့်ချက်အများကြီးထားခဲ့တယ်။ လန်ဒန်မှာ ရခဲ့တဲ့ ရလဒ်ကြောင့် ခက်ခဲမယ်ဆိုတာတော့ သိထားပြီးသားပါ။ ဒါပေမဲ့ အခုတော့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ ကွင်းထဲမှာပဲ လုပ်နိုင်တယ်။ အခု ရှေ့ကိုပဲ ကြည့်ရတော့မယ်။ ဒါက နာကျင်စရာဖြစ်လာမှာပါ။ ဒူဘိုင်းမှာ အားပြန်ဖြည့်မယ်။ ပြီးရင် ဆက်တိုက်မယ်။ နောက်ထပ် ပွဲအများကြီး ကစားရဦးမယ်”လို့ ဆိုသွားပါတယ်။
ဆက်လက်ပြီး အာတီတာက “ကြံ့ခိုင်မှုပိုင်းအရ ကျွန်တော်တို့ အရမ်းပင်ပန်းခဲ့တယ်”လို့လည်း ပြောကြားသွားပါတယ်။
နယူးကာဆယ်ဟာ ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီးနောက် ၅၆ နှစ်အတွင်း ပထမဆုံးဆုဖလား ရနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ မတ်လ ၁၆ ရက်နေ့မှာ ဝင်ဘာလေကွင်းမှာ လီဗာပူးနှင့် ခါရာဘောင်ဖလားဗိုလ်လုပွဲ ကစားရပါမယ်။