မန်စီးတီးအသင်းဟာ ညာခြမ်းခံစစ်မှူး ဝေါ်ကာကို ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းရှည် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းရဲ့ လက်ရှိစာချုပ်ကိုပဲ ဆက်လက် သက်တမ်းတိုးလိုက်တာ ဖြစ်ပြီး ၂၀၂၄ ထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ မန်ချက်စတာ ဒါဘီပြိုင်ဘက် ယူနိုက်တက်တို့ အလိုရှိနေတဲ့ စီးရီးအေကလပ် နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘာလီကို ပေါင် ၈၅ သန်းနဲ့ ဝင်ရောက် ကမ်းလှမ်းခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဒီကလန် ရိုက်စ်ကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ၀က်စ်ဟမ်းအသင်းက နှစ်သင်းလုံးထံ အကြောင်းပြန်လိုက်ပါတယ်။

မန်စီးတီးဟာ အသင်း ယူကရိန်း လူငယ်ကစားသမား ဇင်ချန်ကို ကို အသင်းမှာ ဆက်ရှိနေစေဖို့ ငါးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇင်ချန်ကိုဟာ မန်စီးတီးမှာ ဘယ်စွန်ခံစစ်နေရာက ကစားပေမယ့် လက်ရွေးစင်အသင်းမှာတော့ ကွင်းလယ် နေရာက ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်ကစားသမားများဟာ မန်စီးတီး တိုက်စစ်ကစားသမား ဆာနေး ရောက်ရှိလာမှာကို မျှော်လင့်နေကြကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဆာနေးကို ဘိုင်ယန်မြူးနစ်က ဒီနွေမှာ အလေးအနက် ဆက်သွယ်ထားပါတယ်။