ဂရေမီ ဆောင်းနက်စ်ကတော့ အာဆင်နယ် တိုက်စစ်သမား ကိုင် ဟာဗတ်ဇ်ဟာ ဆုဖလားစိန်ခေါ်နေတဲ့အသင်းတစ်သင်းအတွက်အဖြေမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ၂၀၂၃ခုနှစ်မှာအသင်းကိုရောက်လာပြီးကတည်းက ဘာမှပိုပြီးကောင်းမွန်လာခြင်းမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာတီတာ အနေနဲ့ ဟာဗက်ဇ် ကို ဘယ်လိုမှ ပိုကောင်းလာအောင် လုပ်နိုင်ဖွယ် မရှိကြောင်းလည်း ဆောင်းနက်စ်က ထောက်ပြါတယ်။
” သူတို့၂၀၂၃ခုနှစ်ဇွန်လတုန်းက ကိုင်ဟာဗတ်ဇ်ကို ခေါ်ယူဖို့အတွက် ပေါင်၆၅သန်း သုံးစွဲခဲ့ရတယ်။ မီးခေးလ်က သူ့ကိုပိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာအောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ပေါ့။ ကျနော်ကတော့ အဲဒီလိုဖြစ်ခဲ့တယ်လို့ မထင်ပါဘူး။
ဟာဗတ်ဇ်က ပိုကောင်းမွန်တဲ့ ကစားသမားဖြစ်မလာဘူး။ ရှင်းရှင်းပြောရရင်တော့ သူက သူတို့အတွက်အဖြေမဟုတ်ဘူး။ အဲဒါကြောင့် ဒီအပတ်မှာ မီခေးကထွက်လာပြီး အသင်းရဲ့ ဇန်နဝါရီအပြောင်းရွှေ့ကာလမှာ လုပ်ဆောင်ခဲ့တာတွေကိုစိတ်ပျက်ခဲ့တယ်လို့ပြောခဲ့တာက ကျနော့်အတွက် အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။
ဆောင်းရာသီဈေးကွက်ပိတ်ခါနီး နောက်ဆုံးအချိန်တွေမှာ အက်စတန်ဗီလာက အိုလီ ဝပ်ကင်စ်ကို ခေါ်ယူဖို့ကြိုးစားခဲ့တာကတော့ သူတို့တွေ ဘယ်လောက်အထိ တိုက်စစ်မှူး အသည်းအသန်လိုနေလဲဆိုတာကို ပြသခဲ့တာပါ။
သူတို့သာ ဂျွန်ဒူရန် ကို အယ်လ်နာဆာ ဆီ ရောင်းထုတ်မခံရခင်မှာ အသက်၂၉နှစ် အရွယ်ကစားသမားကို ဈေးကွက်အစောပိုင်းကတည်းက ပေါင်သန်း၆၀ကျော်ပေးချေဖို့သဘောတူညီခဲ့ရင် ခေါ်လို့ရနိုင်ခဲ့မှာပါ။ အဲဒီအပြောင်းအရွှေ့က ဆုဖလားအနိုင်ရမှုနဲ့ နောက်ထပ်တစ်ကြိမ် ဖလားရဖို့ တယောက်လိုခဲ့တဲ့ အဖြစ်ကြားမှာ သက်သေပြမှုဖြစ်လာမှာပါ။
သူတို့တွေ သင့်တော်တဲ့တိုက်စစ်မှူးရလာခဲ့မယ်ဆိုရင်တော့ အသင်းထဲမှာ ရှိတဲ့အားလုံးအတွက်အားတစ်ခုဖြစ်လာမှာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အသင်း တစ်သင်းဖြစ်လာမှာပါ။ အဲဒီအချိန်မတိုင်ခင်ထိတော့ ဆုဖလားအတွက် စိုးရိမ်စရာဖြစ်နေပြီး သူတို့နောက်ထပ် တစ်ကြိမ် ကပ်လွဲသွားမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။