အာဆင်နယ် အသင်း နောက်ခံလူ တာကီဟီရို တိုမီယာဆုဟာ ဒူးဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ်အထိ အနားယူလာရဖို့ ရှိနေပါတယ်။
တိုမီယာဆုဟာ ပြီးခဲ့တဲ့ ရာသီများအတွင်းမှာ ဒူးဒဏ်ရာပြဿနာများဖြင့် နပန်းလုံးလာခဲ့ရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပွဲအများစု လွဲချော်ခဲ့ဖူးပါတယ်။
သူဟာ နွေရာသီ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း ဒူးဒဏ်ရာထပ်မံ ရရှိခဲ့ပါတယ်။ သူဟာ အောက်တိုဘာလမှာ ပြန်လည်ကစားလာနိုင်ခဲ့ပေမဲ့လည်း ဒဏ်ရာထပ်မံ ရရှိကာ အနားယူခဲ့ရပါတယ်။
ယခုအခါမှာတော့ သူဟာ လာမယ့် ရာသီ ရာသီဝက်အထိတောင် အနားယူလာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၁ ခုနှစ်တွင် အာဆင်နယ်သို့ ရောက်လာပြီးနောက် ဒဏ်ရာပြဿနာများကြောင့် ပရီးမီးယားလိဂ်ပွဲ ၆၅ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။