ပရီးမီးယားလိဂ်ဟာ အာဆင်နယ်ရဲ့ ရီးရဲလ်မက်ဒရစ်အား ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့နိုင်ပွဲနှင့်အတူ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိဖို့ ဥရောပပြိုင်ပွဲ ၃ ရပ်တွင် နိုင်ပွဲတစ်ပွဲတည်းသာ လိုအပ်တော့တဲ့အသင်းလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်အဆင့်အပေါ် မူတည်ကာ နိုင်ငံ ၂ ခုအား ချန်ပီယံလိဂ်ဝင်ခွင့် ၁ တစ်နေရာစီ ပိုပေးလေ့ရှိပါတယ်။

လီဗာပူးနှင့် အာဆင်နယ်တို့က ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ရန် သေချာနေပြီး ကျန် ချန်ပီယံလိဂ်ဝင်ခွင့် ၃ နေရာအတွက် နော်တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီး၊ အက်စတွန်ဗီလာ၊ ဘရိုက်တန်၊ ဘုန်းမောက်တို့ ယှဉ်ပြိုင်လာရပါမယ်။

ဒါ့အပြင် တကယ်လို့များ အက်စတွန်ဗီလာသာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၅ သင်းစာရင်းမဝင်ဘဲ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာပါက ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၆ နေရာအထိ ရရှိလာပါဦးမယ်။

ဒါ့အပြင် တကယ်လို့များ စပါးစ်(သို့မဟုတ်) ယူနိုက်တက်တို့သာ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာဦးမည်ဆိုပါက ချန်ပီယံလိဂ်ဝင်ခွင့် ၇ နေရာအထိ သိမ်းပိုက်လာဦးမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်အဆင့်စာရင်းတွင် အီတလီက ဒုတိယနေရာမှာ ရပ်တည်နေပြီး စပိန်၊ ဂျာမနီတို့က နောက်က လိုက်နေပါတယ်။