တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်ကို ပေါင် ၇၅ သန်ဝန်းကျင်နဲ့ ရောက်ရှိဖို့ သဘောတူညီမှုရရှိတော့မယ်လို့ သိရပြီး နည်းပြကွန်တီရဲ့လက်အောက်မှာ တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀) ဝန်းကျင်ခန့်ရရှိသွားမယ်လို့ သိရပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းအတွက် သွားရောက် ကစားပေးနေတဲ့ ဝမ်ဘစ်စကာဟာ လာမယ့် သီတင်းပတ်မှာ မန်ယူနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ်ဖို့ အသင်းထံ ရောက်ရှိလာပါမယ်။ မန်ယူဘက်က ဝမ်ဘစ်စကာနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပြီး ပဲလေ့စ်နဲ့လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ပြီးဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ အင်္ဂလန်သား ကစားသမားတွေ ခေါ်ယူဖို့ကိုပဲ အာရုံစိုက်နေတဲ့ မန်ယူဟာ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းရဲ့ ပစ်မှတ်ကစားသမား ကြားဖြတ်ခေါ်ယူခြင်းကို ရင်ဆိုင်ရမယ့် အခြေအနေနဲ့ တွေ့ကြုံလာရပြီဖြစ်ပါတယ်။

လင်ဂတ် Snapchat မှာ နောက်ဆုံးတင်လိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ မန်ယူနဲ့ နီးစပ်သူတွေကတော့ အင်္ဂလန်သားဟာ ဆာအဲလက်စ်ခေတ်မှာ ဆိုရင် ပွဲနေ့တွေမှာ အသင်းပွဲထွက်လူစာရင်းရဲ့ အနားတောင်ကပ်ခွင့်ရမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

မီယာမီမှာ အသင်းဖော် ရပ်ဖိုဒ့် အပါအဝင် အခြားသော သူငယ်ချင်းတွေနဲ့ အလည်ထွက်နေတဲ့ လင်ဂတ်ဟာ ဒီကနေ့မှာတော့ ဟိုတယ်မှာ နားနေစဉ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို Snapchat မှာ တင်ခဲ့တာပါ။ အဆိုပါ ဗီဒီယိုမှာတော့ သူငယ်ချင်းဖြစ်သူက ဖက်လုံးကို လိင်ဆက်ဆံနေတဲ့ ပုံစံ လုပ်နေတဲ့ ရိုက်ကွက်လည်း ပါခဲ့တာဖြစ်တယ်။

မန်ယူဟာ အပြောင်းအရွှေ့ကိစ္စတွေကို ဂျူလိုင်လ ၁ ရက်နေ့ နောက်ဆုံးထား အပြီးသတ်မှာ မဟုတ်ပဲ ပရီးမီးယားလိဂ် ဈေးကွက်ပိတ်မယ့် သြဂုတ်လ ၉ ရက်နေ့ထိ ဝင်ရောက် လှုပ်ရှားသွားတော့မှာပါ။

ဝမ်ဘစ်ဆာကာအတွက် ပြောင်းရွှေ့ကြေးေ ပးရန် ကလပ်နှစ်သင်းကြား သဘောတူညီမှု ရခဲ့တဲ့နောက် မန်ယူဘက်က ညာအစွန်လူကို တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ ပေးချေသွားမှာဖြစ်ပါတယ်။

မန်ယူဟာ ညာအစွန်နေရာအတွက် ဒါလော့နဲ့ ဝမ်ဘစ်ဆာကာ တို့နှစ်ဦး ပိုင်ဆိုင်တော့မှာဖြစ်လို့ နောက်ထပ် ခံစစ်သမားဖြစ်တဲ့ ဒါမီယန်းကို သေချာပေါက် ရောင်းထုတ်သွားတော့မှာ ဖြစ်ပါတယ်။

မန်ယူက အလိုရှိနေတဲ့ ဝက်ဟမ်းအသင်းမှ ခံစစ်မှူး ဒီအော့ဟာ အနာဂတ်ကိစ္စတွေအပေါ် ပက်သက်ပြီး လန်ဒန်ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ စကားပြောတော့မယ်လို့ Sky Sports က ဖော်ပြသွားပါတယ်။

ဒီအပတ်ထဲမှာပဲ မန်ယူဟာ ကွင်းလယ်လူ လောင်းစတပ်ကို စတင်ကာ ကမ်းလှမ်းဖို့ ချဉ်းကပ်ခဲ့ပါတယ်။ မန်ယူဟာ ရာဘီရော့ကို ခေါ်ယူဖို့ သဘောတူညီမှု မရတဲ့နောက် အခြားသော ကွင်းလယ်တွေဘက် လှည့်လာခဲ့ပါပြီ။