ချယ်ဆီးအသင်းမှာ ဆယ်စုနှစ် တစ်ခုကြာ ကစားခဲ့တဲ့ ၀ါရင့် ဂိုးသမားကြီး ပီတာချက် ဟာ အားကစား ဒါရိုက်တာရာထူးနဲ့ စတန်းဖို့ ဘရစ်ခ်ျထံ ပြန်လည် ရာက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပီတာချက် အပြင် ထိုခေတ်က ကစားသမားဟောင်းကြီး ဒီတလောမှာ အသီးသီး လန်ဒန်ကလပ်ထံ ပြန်လာကြတော့မှာပါ။

ချယ်ဆီး ကစားသမားဟောင်း ဖရန့်လမ်းပတ်က အသင်းနည်းပြ အဖြစ် မကြာခင် တာဝန်ယူတော့မှာ ဖြစ်သလို မက်ခီလီလီကလည်း နည်းပြ အဖွဲ့ထဲ ပါဝင်လာဖို့ ရှိပါတယ်။ တိုက်စစ်မှူး ဒရော့ဘာကလည်း ချယ်ဆီးအသင်းရဲ့ စီးပွားမိတ်ဖက် ယိုကိုဟားမားကုမ္မဏီ ရဲ့ လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေပါတယ်။

ပီတာချက်ဟာ အားကစားဒါရိုက်တာ ရာထူးအပြင် အသင်း နည်းစနစ် အကြံပေးအဖြစ်လည်း ပါဝင်သွားမှာဖြစ်ပြီး တစ်ပွဲချင်းစီ ကို တာဝန် ယူသွားမယ်လို့ သိရပါတယ်။

ပီတာချက်က ချယ်ဆီ အသင်းမှာ (၂၀၀၄) ခုနှစ်ကနေ (၂၀၁၅) အထိ (၁၁) နှစ်ကြာ ကစားသွားတဲ့ ပရိသတ် အချစ်တော် ဂန္တ၀င် ကစားသမားကြီး ဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းဆီ ပြောင်းရွေ့သွားခဲ့ပေမယ့် ချယ်ဆီး အသင်း ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု ရရှိနေဆဲ ဖြစ်ပါတယ်။

အသက် (၃၇) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပီတာဆတ်ခ်ျ ဟာ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံး အသင်း အဖြစ် အာဆင်နယ်အသင်းမှာ ကစားခဲ့တာ ဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ် ကိုပါဝင်ကစားခဲ့ပါတယ်။ ထိုပွဲမှာ အာဆင်နယ်က ချယ်ဆီး ကို (၄-၁) ဂိုးနဲ့ ရှုံးနိမ်ခဲ့ပြီး ပီတာချက်လည်း ကစားသမားဘ၀ ရရှိနိုင်မယ့် နောက်ဆုံး ဆု ဖလား လက်လွှတ်ခဲ့ရပါတယ်။

ဂိုးသမားကြီး ပီတာချက်ဟာ နောက်ဆုံး ကစားခဲ့တာက အာဆင်နယ် အသင်းမှာ ဖြစ်ပြီး ၄င်း အနားယူချိန်မှာ အာဆင်နယ်ဘက်ကလည်း နည်းပြအဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းမှု ရှိခဲ့ပေမယ့် ချယ်ဆီးအသင်းကိုသာ ချက်က ရွေးချယ်ခဲ့တာပါ။

ချယ်ဆီအသင်းနဲ့ အတူ ပီတာချက်က ပရီးမီးယားလိဂ် (၄)ကြိမ်၊ အက်ဖ်အေဖလား (၄)ကြိမ်၊ လိဂ်ဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်နဲ့ ယူရိုပါလိဂ် တစ်ကြိမ် ဆွတ်ခူး ရယူခဲ့ပါတယ်။ ဒီနေ့မှာ ပီတာချက်က ချယ်ဆီးအသင်းထံ ပြန်လည် ရောက်ရှိလာပြီး အသင်း ဒါရိုက်တာ တစ်ဦး အဖြစ် ပါဝင်သွားတော့မှာပါ။

ပီတာချက်ကို ကြိုဆို နှုတ်ဆက်စကားလေးများ ပြောခဲ့ကြပါဦး။