ချယ်ဆီး

ချယ်ဆီးအသင်းဟာ လူငယ်တိုက်စစ်သမား အိုဒွိုင်းကို ဇန်နဝါရီမှာ အငှားထွက်ခွာခွင့်ပေးဖွယ် ရှိနေပါတယ်။ ကစားသမား ဆန္ဒအရ ပွဲထွက်ခွင့်ရဖို့ အငှားချပေးမှာဖြစ်ပေမယ့် မထွက်ခွာခင်မှာ စာချုပ်သစ်ကို လက်မှတ်ထိုးသွားစေလိုနေတယ်လို့ သိရပါတယ်။

စပိန်သတင်းတွေမှာတော့ လာလီဂါကလပ် ရီးရဲမက်ဒရစ်ဟာ ချယ်ဆီးနဲ့ ဘယ်ဂျီယံတိုက်စစ်သမား ဟာဇက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှု ရရှိထားပြီလို့ ဖော်ပြပါတယ်။ ချယ်ဆီးဟာ အပတ်တိုင်းမှာ သက်တမ်းတိုးကိစ္စ ဆွေးနွေးနေပြီး နောက်ဆုံးကမ်းလှမ်းမှုတွေမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဝန်ကျင်းထိ ကမ်းလှမ်းထားပေမယ့် ဟာဇက်ဘက်ကတော့ သဘောတူညီမှု မလုပ်လာပေးသေးတာဖြစ်ပါတယ်။

နာပိုလီအသင်း ညာအစွန်လူ Hysaj ရဲ့ အေးဂျန်းကတော့ ကစားသမားနဲ့ ချယ်ဆီးကြား အပြောင်းအရွှေ့ ကိစ္စတွေကို ပယ်ချမှု မလုပ်သွားပါဘူး။ ချယ်ဆီးဟာ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူလိုနေပြီး ဥရောပရဲ့ အကောင်းဆုံး ညာအစွန်လူတွေထဲမှာ ပါဝင်သူလို့ သက်မှတ်ခံထားရတဲ့ Hysaj ကို ညာအစွန်နေရာအတွက် ဦးစားပေးအဖြစ် သက်မှတ်ထားတာဖြစ်ပါတယ်။

လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှ မန်စီးတီးကို စိတ်ဝင်စားနေမှာမဟုတ်ကြောင်း အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ပြောကြားလိုက်ပါတယ်။ ရာသီကုန်ဖို့ ခရီးရှည်ကြီးကို ရှေ့ဆက်ရဦးမှာဖြစ်ပြီး မန်စီးတီးဘယ်လောက် ကောင်းတဲ့ အသင်းလဲဆိုတာ သိပြီးသား ဖြစ်ကြောင်း ဟန်ဒါဆန်က ပြောခဲ့ပါတယ်။

လိုင်ယွန်အသင်းတိုက်စစ်သမား ဖယ်ကီရာဟာ ကလပ်အသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးမှုကို သဘောမတူသေးဘူးလို့ သိရပါတယ်။ နွေအပြောင်းအရွှေ့မှာ လီဗာပူးကိုပြောင်းဖို့ အဆုံးသတ်ကိစ္စ လုပ်ဆောင်ဖို့ ၁၁ နာရီလောက် အလိုမှာမှ ပျက်ပြယ်ခဲ့ရတဲ့ ဖယ်ကီရာ အပြောင်းအရွှေ့ဟာ ပြီးဆုံးရခက်ဆဲ သတင်းတစ်ပုဒ်အဖြစ် ဆက်ရှိနေခဲ့ပြီး ဇန်နဝါရီဈေးကွက်အတွက်ပါ အသက်ဆက်လာခဲ့ပါပြီ။

ဒါဘီမန်နေဂျာ ဖရန့်လမ်းပတ်က လီဗာပူးအသင်းမှ အငှားခေါ်ယူထားတဲ့ တိုက်စစ်သမား ဟယ်ရီဝတ်ဆန်ရဲ့ ခြေစွမ်းကို အထူးချီးကျူးသွားပါတယ်။ ဝတ်ဆန်ဟာ ချန်ပီယံရှစ်ကလပ်မှာ အထူးတိုးတက်လာနေခဲ့ပြီး လမ်းပတ်ကတော့ လက်ရှိ တိုးတက်မှုပုံစံအတိုင်း ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ပြောဆိုလာတာဖြစ်ပါတယ်။

အာဆင်နယ်

အာဆင်နယ် နည်းပြ ဟောင်း ကြီး အာဆင် ၀င်းဂါး က တော့ LMA ( League Manager Association ) က ချီးမြှင့် တဲ့ တစ်သက် တာ ဂုဏ်ထူးဆောင် ဆု ကို ရရှိ ခဲ့တယ် လို့ သိရ ပါတယ် ။ ဆုပေး ပွဲမှာတော့ အာဆင် ၀င်းဂါး က သူ ဟာ အာဆင်နယ် က နေ အနားယူပြီး နောက်ပိုင်း တစ်ပတ် ကို တစ်ဆု လောက် ရနေ တာ ကြောင့် နည်းပြ အလုပ် ကနေ စောစော မနားလိုက် ရတာ နောင်တ ရမိ တယ်လို့ အရွှန်းဖောက် သွားခဲ့ ပါတယ်

ဖယ်လိုင်နီက ၄င်းဆံပင်ကို လိုက်ဆွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဂွမ်ဒိုဇီက ဆိုရှယ်မီဒီယာမှာ ပြန်လည်ဖြေကြားရင်း ဟာသလုပ်သွားပါတယ်။ ‘သူက ကျနော့်ဆံပင်ကို မနာလိုဖြစ်နေပြီး သူ့ ဆံပင် တိုသွားတဲ့ ကိစ္စကို လက်မခံနိုင် ဖြစ်နေလို့နေမှာ” လို့ ပွဲကျသွားအောင် ပြောကြာထားပါတယ်။

အာဆင်နယ်က စိတ်ဝင်စားနေတဲ့ စပိန်သား ကွင်းလယ်ကစားသမား ဒန်းနစ် ဆွာရက်စ်ကို အသင်းနေ ထွက်ခွာဖို့ ဘာစီလိုနာဘက်က မီးစိမ်းပြလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်

မန်ချက် စတာ ယူနိုက်တတ် အသင်း ဟာ နည်းပြ မော် ရင် ဟို ရဲ့ နေရာ အတွက် စပါး နည်းပြ ပိုချက်တီနို ကို ဦးစားပေး ပစ် မှတ် အဖြစ် သတ်မှတ် ထား လိုက် ပြီ လို့ သတင်းပေါ် ထွက်လာခဲ့ ပါတယ် ။ ကနဦး က ရီးရဲ နည်းပြ ဟောင်း ဇီဒန်း ဟာ ယူနိုက်တတ် နည်းပြ သစ် ဖြစ်လာ ဖို့ ရေပန်း အစားဆုံး ဖြစ်ပေမယ့် ပိုချက်တီနို ဟာ အိုးထရက်ဖိုဒ့်ရဲ့ ပဲ့ကိုင် ရှင် သစ် ဖြစ်လာ ဖို့ ပိုမို အလေး သာလာခဲ့ ပြီ ဖြစ် ပါတယ် ။

ယူနိုက်တတ် ကစား သမား ဟောင်း ပေါလ် စခိုး ကလည်း ဇီဒန်း ဟာ ယူနိုက်တတ် အတွက် သင့်တော် တဲ့ နည်းပြ မဖြစ် နိုင်ဘူး လို့ ထင်မြင် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျနော်တို့ အိပ်နေရင်းတောင် အဆင့် ၄ အတွင်း ဘယ်လိုဝင်အောင် လုပ်မလဲ တွေးဖြစ်ကြတယ်.. နိုးလာတာနဲ့လည်း အဆင့် ၄ အတွင်း ကိစ္စပဲတွေးတယ်.. ကျနော်တို့ သေချာပေါက် အဲဒီနေရာ ရောက်အောင် သွားမှာပါ။” လို့ ယူနိုက်တက် ကစားသမား ဒါလော့က ပြောကြားလိုက်ပါတယ်။

မန်ယူနိုက်တက် ကင်းထောက်တွေက ပေါ်တိုခံစစ်မှူး ဘရာဇီးသား Eder Militao ကို ယခင်ကလပ် ဆာပေါ်လိုမှာတည်းက စောင့်ကြည့်ခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ် Militao ဟာ ပြီးခဲ့တဲ့နွေကမှ ပေါ်တိုအသင်းဆီ ၅နှစ်သက်တမ်းရှိ စာချုပ်နဲ့ ရောက်ရှိခဲ့တာပါ။

မန်စီးတီး

မန်စီးတီး ကွင်းလယ်ကစားသမား ဆေးလ်ဗားဟာ အမ်မရီ အာဆင်နယ်နည်းပြ ဖြစ်ခဲ့တဲ့လမ်းကြောင်းမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့တယ်လို့ အမ်မရီက ပြောကြားလိုက်ပါတယ်။ အမ်မရီ တပည့်ဖြစ်ဖူးတဲ့ ဆေးလ်ဗားက ဆရာဟောင်းဖြစ်သူကို အင်္ဂလန်သို လာခဲ့သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်း Javairo Dilrosun က အသင်းဟောင်းရဲ့ ကစားသမား အရောင်းအ၀ယ် ဆန်ဆန် ဆက်ဆံခဲ့ပုံကို ပြန်လည် ဝေဖန်လိုက်ပါတယ်။ စီးတီးလူငယ်ကစားသမားဟောင်း Javairo Dilrosun ဟာ ခြေစွမ်းကောင်းခဲ့ပေမယ့် အသင်းမှာ ကစားခွင့်မရခဲ့ဘဲ ဟယ်သာဘာလင် အသင်းဆီ ရောက်ရှိသွားခဲ့သူပါ။

လာမယ့် စနေနေ့ ပရီးမီးယားလိဂ် ပွဲကြီးဖြစ်တဲ့ ချယ်ဆီးနဲ့ မန်စီးတီးပွဲမှာ မိုက်ကယ်အိုလစ်ဗာက ဒိုင်လူကြီးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ်စခိုးက အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးတောင် မှန်အောင် မပေးနိုင်ခဲ့တဲ့ ဟာရဲရားရဲ့ အရည်အချင်းကို မေးခွန်းထုတ်သွားပြီး အသင်းမှာ ဆက်ရှိသင့်ရဲ့လားလို့ ပြောကြားလိုက်ပါတယ်။

စပါး

စပါး တိုက် စစ် မှုး ဟယ်ရီ ကိန်း ကတော့ အာဆင်နယ် တိုက် စစ် မှုး အော့ဘာမီးယန်း ဟာ သူ့ ရဲ့ ရွှေဖိနပ်ဆု ပြိုင်ဘက် သစ် အဖြစ် ခံယူ ထား ပြီး စိတ်ဓါတ်တွန်းအား ရယူ ထားတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါးကစားသမား ဒန်နီရို့စ်က အသင်းအိမ်ကွင်းအဖြစ် ၀င်ဘာလေမှာ ကစားရတာ မပျော်ပိုက်တော့ဘဲ အသင်းပိုင် ကွင်းမှာ ပြန်လည်ကစားချင်နေပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ စပါးအသင်း ၀ှိုက်ဟက်လိန်းမှာ နောက်ဆုံးကစားခဲ့တာက မေလ ၂၀၁၇ တည်းက ဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ကစားသွားတဲ့ စပါးကွင်းလယ်ခံစစ်မှူး လူငယ်ကစားသမား အိုလစ်ဗာ စကစ်ကို မန်နေဂျာ ပိုချက်တီနိုက ချီးကျူးလိုက်ပြီး အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားလို့ ဟောကိန်းထုတ်လိုက်ပါတယ်။

လာလီဂါ၊ စီးရီးအေနှင့် အခြား

ဘာစီ လိုနာ အသင်း ဟာ အိုင်ယက်စ် ကစား သမားလေး ၂ ဦး ဖြစ်တဲ့ ဒီလိုက် နဲ့ ဒီဂျောင် တို့ ကို အသင်း ရဲ့ အဓိက ပစ်မှတ် တွေ အဖြစ် သတ်မှတ် ထားပေမယ့် ဒီ လိုက် တစ်ဦး ကို သာ ရရှိ နိုင် ခြေ ရှိ နေပြီး ဖရန် ကီ ဒီဂျောင် ကို တော့ PSG အသင်း က မြင့်မား တဲ့ ပြောင်း ရွှေ့ ကြေး ( ယူရို ၇၅ သန်း ) နဲ့ ခေါ်ယူ ဖို့ ပြင်ဆင် နေပြီ ဖြစ်တယ် လို့ ကြားသိ ရ ပါတယ် ။

ယမန် နေ့ ညက ကစားခဲ့ တဲ့ ကိုပါ ဒယ်ရေး ဖလား ဒုတိယ အကျော့ မှာ တော့ ရီးရဲ မက်ဒရစ် ဟာ မီလီလာ အသင်း ကို ၆ – ၁ ဖြင့် အနိုင် ရခဲ့ ပြီး နှစ်ကျော့ ပေါင်း ၁၀ – ၁ နဲ့ နောက် တစ်ဆင့် ကို တက်ရောက် သွားခဲ့ ပါ တယ် ။ ရီးရဲ အတွက် အစ္စကို နဲ့ အဆန် ဆီရို တို့ က ၂ ဂိုး စီ သွင်းပေး ခဲ့ ကြ ကာ လူငယ် ကစား သမားလေး ဆန်းချက် နဲ့ ဗီနီ ဆပ် ဂျုနီယာ တို့ က ၁ ဂိုး စီ သွင်းယူ ပေးခဲ့ ကြတာ ဖြစ် ပါတယ် ။

ဘာစီလိုနာ တိုက် စစ် မှုး ဆွာရက် ဟာ သူ့ရဲ့ ညာဘက် ဒူး ဒဏ်ရာ ကို ရေနွေးငွေ့ ကုထုံး နဲ့ ကုသ နေ ပြီး အက်စ်ပန် ညို အသင်း နဲ့ ပွဲ အမီ ပြန်လည် ကောင်းမွန် လာဖို့ မျှော်လင့် နေတယ် လို့ သိရ ပါတယ် ။

ဂျုဗင်တပ် အသင်း ကတော့ နောက် ခံလူ အဲလက်စ် ဆန်ဒရို ကို ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးနိုင် ခဲ့ပြီ လို့ အီတလီ အခြေစိုက် Sky Sports သတင်း ဌာနက ပြောဆို သွားခဲ့ ပါတယ် ။

ယခု အပတ် မှာ ကစားမယ့် အင်တာ မီလန် အသင်း နဲ့ ပွဲ အတွက် ဂျုဗင်တပ် အသင်း လူစာရင်း ထုတ်ပြန် ခဲ့ပြီး ကွင်းလယ်လူ အမ် မရီ ချန် ပြန် လည် ပါဝင် လာခဲ့ ကာ အဲလက်စ် ဆန်ဒရို ၊ ဘာဇဂါလလီ နဲ့ မွိုက်ဆီ ကိန်း တို့ ကတော့ လွဲချော် ခဲ့ ပါတယ် ။

အင်တာ မီလန် ဘက် မှာ လည်း ကွင်းလယ်လူ နိုင်ဂိုလန် မပါဝင် လာခဲ့ ဘဲ နောက် ခံလူ ဗာဆယ်ဟို ကတော့ ပြန်လည် ပါဝင် လာခဲ့ တယ် လို့ သိရှိ ရ ပါတယ်