မန်စီးတီး၊ ယူနိုက်တက်တို့ အပြိုင်ကြိုးစားနေတဲ့ လက်စတာခံစစ်မှူး မက်ဂွဲယားက ပက် ဂွာဒီယိုလာ နည်းပြမှုအောက်မှာ ကစားလိုနေပြီး မန်စီးတီးဘက်ကတော့ လက်စတာ တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ သုံးရမှာ တွန့်ဆုတ်နေဆဲပါ။

ကွန်ပနီနည်းတူ မန်စီးတီး ကစားသမားဟောင်း ခရစ် ဘယ်လာမီကလည်း အန်ဒါလက်ခ်ျအသင်းမှာ သွားရောက် ပူးပေါင်းခဲ့ပြီး U21 အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်တော့မှာပါ။

မန်စီးတီးအသင်းဟာ ဘယ်ခြမ်းခံစစ်မှူး လူငယ်ကစားသမား ဇင်ချန်ကိုကို အီတီဟတ်မှာ ၂၀၂၄ ထိ ရှိစေမယ့် စာချုပ်သစ်တစ်ရပ် လက်မှတ် ရေးထိုး သက်တမ်းတိုး လိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ယူကရိန်းသားဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ EFL ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ရရှိထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီး တိုက်စစ်သမား ဆာနေးကို ခေါ်ယူဖို့ ကိစ္စကို လက်မလျှော့သေးဘဲ ရှိနေပါတယ်။ ဆာနေးကို ဘိုင်ယန်မှ ဂျာမနီအသင်းဖော်များက ကြိုဆိုနေကြောင်း လီဝန်ဒေါစကီးက ဖွင့်ဟထားပါတယ်။

မန်စီးတီးအသင်း ခေါ်ယူဖို့ နီးစပ်ထားတဲ့ အက်သလက်တီကို ကွင်းလယ်ကစားသမား ရိုဒရီကို ဘိုင်ယန်မြူးနစ်က ကြားဖြတ် ၀င်ရောက် ခေါ်ယူဖို့ ကြိုးစား လာပါတယ်။ ဘွန်ဒစ်လီဂါ အင်အားကြီး ဘိုင်ယန်က ရိုဒရီရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၂ သန်းကို ပေးဖို့ ပြင်ဆင်နေပြီး ကစားသမားကတော့ ဘယ်အသင်းကို သွားမလဲ မရွေးချယ်သေးပါဘူး။