လီဗာပူးအသင်း လက်ရှိ လူစာရင်းဟာ တစ်ဘီလျံတန်ကြေးရှိလာပြီး မန်စီးတီးအသင်း နောက် ကမ္ဘာပေါ်မှာ တန်ကြေးအမြင့်ဆုံး ဒုတိယအသင်း ဖြစ်လာပါတယ်။ မန်စီးတီးအသင်း လူစာရင်းက ၁.၀၅ ဘီလျံတန်ကြေး ရှိပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား မာကိုဂရူဂျစ်ဟာ အသင်း ရာသီကြို အစီအစဉ်များ မတိုင်ခင်ပဲ နောက်ရာသီ အစီအစဉ်ကို ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီ ဟယ်သာဘာလင်မှာ ခြေစွမ်းပြခဲ့တဲ့ ဂရူဂျစ်က နောက်တစ်ရာသီ အငှားထပ်ကစားဖို့ ကြံရွယ်နေပါတယ်။

ဈေးကွက်ထဲမှာ လိုအပ်တဲ့ ငွေကြေး သုံးစွဲပြီး ကစားသမားခေါ်ယူမှုတွေ လုပ်နေတဲ့ ပြိုင်ဘက်အသင်းတွေ နည်းတူ လီဗာပူးအသင်းကလည်း ဒီနွေမှာ ငွေသုံး ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ကြောင်း ကလော့ပ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လိုင်ယွန်ကွင်းလယ်ကစားသမား နာဘေ ဖယ်ကီရာကို ထပ်မံချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းများနဲ့ ပတ်သတ်ပြီး လီဗာပူး ခံစစ်မှူးဟောင်း ဂန္တ၀င် ကစားသမားကြီး ဂျွန်ဘန်းစ်က ဖယ်ကီရာက လီဗာပူးအသင်း လူစာရင်းမှာ မလိုအပ်ဘူးလို့ ယူဆနေပြီး ခေါ်ယူရင်လည်း အပို အဆောင်အယောင် တစ်ခုသာ ဖြစ်နေမယ်လို့ သတိပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီး တိုက်စစ်သမားဟောင်း အသက် ၃၅ နှစ်အရွယ် စပိန်တိုက်စစ်သမား ဖာနန်ဒို တောရက်စ်ဟာ ဘောလုံးကစားခြင်းက အနားယူပြီ ဖြစ်ကြောင်း ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

စပိန်ဘက်က သတင်းများအရ လီဗာပူးအသင်းဟာ ဘာစီလိုနာမှ ပြင်သစ်သား တိုက်စစ်သမား ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ပေးပြီး ကမ်းလှမ်းလိုနေတယ်လို့ သိရပါတယ်။

ယာဂင်ကလော့ပ်က ဒီနွေမှာ သူ့ ကစားသမားတွေကို အနည်းဆုံး သီတင်းပတ် ၃ ပတ် အနားပေးဖို့ ဆုံးဖြတ်ထားတာကြောင့် အာဖရိကဖလား ပြိုင်ပွဲမှာပါဝင်နေတဲ့ ဆာလက်နဲ့ မာနေး လီဗာပူး ကြယ်ပွင့်တိုက်စစ် အတွဲဟာ ဘောလုံးရာသီ အစပွဲစဉ်တွေ ပါဝင်ခွင့် မရှိသေးဘဲ အနားရဖွယ် ရှိနေပါတယ်။