စပို့တင်းကတော့ ၄င်းတို့ရဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အထိ တောင်းဆိုလိုက်ပါတယ်။ စပို့တင်းလစ္စဘွန်းရဲ့ အေးဂျင့်များက စပါးအသင်းနဲ့ ဆွေးနွေးမှုများ သွေးအေးသွားဖွယ်ရှိပြီး မန်ယူဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးထိ ပေးနိုင်ရင် အခွင့်အရေး ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ရှက်ဖီးယူနိုက်တက်ထံ အငှား မစေလွှတ်ခင် ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားဖို့ စီစဉ်နေပါတယ်။

ဂျူဗင်တပ်သို့ ပြန်လည် ပြောင်းရွှေ့လာမယ် သတင်းများ ထွက်နေတဲ့ မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာကို ဂျူဗင်တပ်က ချစ်ခင် သဘောကျကြောင်း အသင်း အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီစီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်ယူအသင်း ခံစစ်သမား ဘိုင်လီဟာ ဘာစီလိုနာမှာ လေ့ကျင့်ရေးတွေနဲ့အတူ ကြံ့ခိုင်မှု ကြိုးစားနေပြီး ရာသီကြိုပွဲအမှီ ပြန်ပါလာဖို့ အခြေအနေ ကောင်းနေပါတယ်။

နွေအပြောင်းအရွှေ့မှာ ဆိုးရှား အသုံးစရိတ် ဘယ်လောက်ရမလဲဆိုတာက စိတ်ဝင်စားခံနေရပြီး ပေါင် သန်း ၂၀၀ ကနေ ၂၅၀ ကြားရမယ် ယူဆထားကြပေမယ့် တကယ်တမ်းတော့ ပေါင် သန်း ၁၀၀ မျှသာ ရရှိမယ်လို့ သိရပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ လုပ်ခလစာပိုင်းမှာ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အင်တာမီလန်က လူကာကူကို တစ်နှစ်လုပ်ခလစာ ယူရို ခြောက်သန်းထိ ပေးအပ်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝမ်ဘစ်ဆာကာအတွက် အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ရင် ဝမ်ဘစ်ဆာကာ အနေနဲ့ ယူနိုက်ထံ ပြောင်းရွှေ့ဖို့ လုပ်ရိုးလုပ်စဉ်တွေ ပြီးမြောက်အောင် လုပ်ရမှာကို အင်္ဂလန် ယူ၂၁ အသင်းက တားဆီးမှာ မဟုတ်ကြောင်း နည်းပြ Aidy Boothyord က ပြောကြားလိုက်ပါတယ်။

လင်ဂတ် လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ဗီဒီယိုဟာ ကလပ်အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ မန်နေဂျာ ဆိုးရှားက ဒေါသအတော်ထွက်နေပြီး သတိပေးမှုကြီး လုပ်မယ်လို့ သိရပါတယ်။

မန်ယူလူငယ်လေး တော်မီနေးဟာ အားလပ်ရက်အတွက် အပန်းဖြေနေရင်းမှ ကြံ့ခိုင်မှုအတွက် ကြိုးစားနေတဲ့ ဗီဒီယိုတွေကို လူမှုကွန်ယက်ကနေ ဖော်ပြသွားပါတယ်။

မန်ယူဟာ လက်စတာခံစစ်သမား မက်ဂွဲရားကို ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် လက်စတာဘက်က အကြောင်း မပြန်သေးဘူးလို့ သိရပါတယ်။