ဒီဇင်ဘာပွဲကြပ်ကာလတို့ရဲ့ ထုံးစံအတိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ရက်ပိုင်းသာခြားပြီး နောက်ထပ်ပွဲစဉ်တစ်ပွဲထပ်ကစားရဖို့ ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်။ ပွဲစဉ် (၁၆) မှာ ပွဲကြီးပွဲကောင်းတစ်ပွဲ ပါဝင်လျက်ရှိနေပါတယ်။ အဲဒီပွဲစဉ်ကတော့ နည်းပြဆာရီရဲ့ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်မှာ ဦးဆောင်နေပြီး လုံးဝရှုံးပွဲမရှိသေးတဲ့ နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ လက်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဝုဗ်ကိုရှုံးနိမ့်ထားတာကြောင့် လာမယ့်ပွဲစဉ်မှာတော့ မန်စီးတီးကို အရှုံးပေးချင်မှာ မဟုတ်သလို မန်စီးတီးအနေနဲ့ကလည်း ဒီပွဲကိုပါ ထပ်မံအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ ဒီရာသီမှာ သူတို့ကို တားဆီးနိုင်မယ့်အသင်းမရှိတော့ဘူးလို့ပဲ ပြောရမလိုဖြစ်နေပါတယ်။ ပေါလ်ရဲ့ ခန့်မှန်းချက်လေးတွေကို ကြည့်လိုက်ရအောင်။

ဘုန်းမောက် Vs လီဗာပူး

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၇း၀၀ နာရီ)

မန်စီးတီးနောက် ထပ်ကျပ်မခွာ လိုက်နေတဲ့ လီဗာပူးဟာ ဒီအပတ် မန်စီးတီးအသင်း ခက်ခဲတဲ့ပွဲကို ရင်ဆိုင်လာရချိန်မှာ အနိုင်ရလဒ်ကို ရယူနိုင်ဖို့ ကြိုးစားလာပါမယ်။ ဘုန်းမောက်က ဟက်ဒါဖီးကို ရင်ဆိုင်ကစားတဲ့ ပွဲမှာတော့ ကံကောင်းခဲ့တယ်။ သူတို့ပွဲကို အနိုင်ရပေမယ့် အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ လီဗာပူးကပဲ အဝေးကွင်းမှာ အနိုင်ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-3 လီဗာပူး

အာဆင်နယ် Vs ဟက်ဒါဖီး

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၉း၃၀ နာရီ)

အိုဇေး ဒီပွဲမှာ ပြန်ပါလာမလားက မေးခွန်းထုတ်စရာပါပဲ။ တော်တင်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲတွေမှာ ကစားနိုင်တဲ့ တူညီတဲ့ ကစားဟန်မျိုးကို ကြိုးစားနိုင်ဖို့အတွက် အမ်မရီက သူ့ကို လူစာရင်းထဲ ပြန်ထည့်မယ်တော့ မထင်ပါဘူး။ ဘုန်းမောက်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ဟက်ဒါဖီးက ကံမကောင်းခဲ့ဘူး။ ဒါပေမယ့်လည်း သူတို့ အာဆင်နယ်ကို အနိုင်ရမယ်တော့ မထင်ပါဘူး။ အမ်းမရိတ်မှာ အာဆင်နယ်ကို ယှဉ်ပြိုင်ဖို့ဆိုတာက ဒေးဗစ်ဝဂ်နာအတွက်တော့ ရက်စက်လွန်းပါတယ်။

ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဟက်ဒါဖီး

ဘန်လေ Vs ဘရိုက်တန်

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၉း၃၀ နာရီ)

ဘရိုက်တန်က အကောင်းဆုံးပုံစံ ရနေပါတယ်။ ဟက်ဒါဖီး၊ ခရစ္စတယ်ပဲလေ့စ်ကို ဆက်တိုက်နိုင်ထားပြီး ဘန်လေကိုသွား ရင်ဆိုင်ရမယ့်ပွဲမှာ မရှုံးရင်ကို အခြေအနေကောင်းတယ် ဆိုရမှာပါ။

ခန့်မှန်းရလဒ်။ ။ ဘန်လေ 1-1 ဘရိုက်တန်

ကားဒစ် Vs ဆောက်သမ်တန်

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၉း၃၀ နာရီ)

ဆောက်သမ်တန်ကို မန်နေဂျာသစ် ကိုင်တွယ်မှာပါ။ ဒါပေမယ့် ကာဒစ်ပဲ အနိုင်ရပါလိမ့်မယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံမရှိတဲ့ မန်နေဂျာနဲ့ စတင်လာမယ့် ပွဲမှာ စိန့်ဘက်ကို မမှန်းနိုင်ပါဘူး။ မန်နေဂျာသစ်နဲ့ ခက်ခဲမှုတွေ စတင်လာမယ့်ပွဲမှာ ကားဒစ်က ဧည့်သည်အသင်းကို ဒုက္ခတွေ များစေပါမယ်။

ခန့်မှန်းရလဒ်။ ။ ကားဒစ် 2-0 ဆောက်သမ်တန်

မန်ချက်စတာ ယူနိုက်တက် Vs ဖူလ်ဟမ်

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၉း၃၀ နာရီ)

အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်တို့ အနိုင်ရလဒ်ကို ပြန်ရှာတွေ့သွားမှာပါ။ ဒါပေမယ့်လို့ အနိုင်မရရင် မော်ရင်ညိုရဲ့ ရာထူး တည်မြဲနေဖို့ကလည်း ခက်ခဲနိုင်ပါတယ်။ အိမ်ကွင်းမှာမှ ဖူလ်ဟမ်ကို အနိုင်မရပဲ ဘယ်အဆင့်ကို သွားဦးမှာလဲ။ အဆင့်လေးအတွင်း ဝင်ရောက်လိုရင် ဒီလိုပွဲကို အနိုင်ရဖို့ လိုပါတယ်။ မနိုင်ခဲ့ရင်တော့ တနင်္လာနေ့မနက်မှာ မော်ရင်ညိုကို ယူနိုက်တက်မန်နေဂျာအဖြစ် ဆက်မြင်ရမှာကို အံ့သြမိမှာပါ။ မန်နေဂျာသစ် ရာနီရေရီလက်ထက်မှာ ဖူလ်ဟမ်က တိုးတက်လာပြီး နိုင်ပွဲတွေကို စတင်လာတော့မှာပါ။ သီတင်းပတ်အကုန် အိုထရတ်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲတော့ မဟုတ်ဘူးပေါ့။

ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-0 ဖူလ်ဟမ်

ဝက်စ်ဟမ်း Vs ခရစ္စတယ်ပဲလေ့စ်

(ဒီဇင်ဘာ ၈၊ စနေနေ့ ည ၉း၃၀ နာရီ)

ဒီပွဲမှာ ဝက်ဟမ်းအသင်း အနိုင်ရမယ်လို့ ကျနော်ထင်ပါတယ်။ ပဲလေစ့်က ဂိုးတွေ လုံလုံလောက်လောက် မသွင်းထားနိုင်ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာ အိမ်ရှင်အသင်းက အချိန်အကြာကြီး တစ်ယောက်လျော့နေတာတောင် ပဲလေစ့်က အသာမရခဲ့ပါဘူး။ ဒီပွဲမှာ နယူးကာဆယ်နဲ့ ကာဒစ် နှစ်ပွဲဆက် အနိုင်ရထားတဲ့ အိမ်ရှင် ဝက်ဟမ်းကပဲ အနိုင်ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 2-0 ခရစ္စတယ်ပဲလေ့စ်

ချယ်ဆီး Vs မန်စီးတီး

(ဒီဇင်ဘာ ၉၊ တနင်္ဂနွေနေ့ မနက်/ စနေည ၁၂း၀၀ နာရီ)

လီဗာပူးကတော့ ချယ်ဆီးအသင်း မန်စီးတီးကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ မျှော်လင့်နေမှာပါ။ ဒါပေမယ့် ဆာရီရဲ့ အသင်းက အဆင့်လေးအတွင်းတောင် အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးစားရမှာဖြစ်တယ်။ ချယ်ဆီးနဲ့ မန်စီးတီးကြားမှာ 10 မှတ်တောင် ကွာဟနေပါပြီ။ အကယ်လို့ အနိုင်ရမယ်ဆိုရင် ကွာဟချက်ကို 7 မှတ်ထိ လျော့ချနိုင်မှာပါ။ မန်စီးတီးက နောက်ထပ် သုံးပွဲလောက် အရေးနိမ့်ရင်ကော ချယ်ဆီးက မရှူံးပဲ နေပါမလား။

နှစ်သင်းရဲ့ ပုံစံတွေအရတော့ မန်စီးတီး အနိုင်ရဖို့ကလွဲပြီး အခြားမမြင်ပါဘူး။ အကယ်လို့ ဒီပွဲမှာ မန်စီးတီးအသင်း အရေးမနိမ့်ဘူးဆိုရင် သူတို့အသင်း အရေးနိမ့်ဖို့လည်း မရှိတော့ပါဘူး။ ဒီတစ်ရာသီလုံး အရှူံးမရှိပဲ ကျော်ဖြတ်သွားတာတောင် မြင်ရနိုင်ပါတယ်။ သူတို့က လီဗာပူး၊ တော်တင်ဟမ်နဲ့ အာဆင်နယ်ကွင်းတွေမှာလည်း အရှူံးမရှိ ကစားလာခဲ့တာပါ။ ချယ်ဆီးနဲ့ပွဲမှာ အရေးမနိမ့်ဘူးဆိုရင် သူတို့သွားရောက်ယှဉ်ပြိုင်ပြီး အရေးနိမ့်စရာကွင်းလည်း ရှိတော့မှာ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1-2 မန်စီးတီး

လက်စတာ Vs တော့တင်ဟမ်စပါး

(ဒီဇင်ဘာ ၉၊ တနင်္ဂနွေနေ့ မနက် ၂း၁၅ နာရီ)

အရင်အပတ်က ဝတ်ဖိုဒ့်ကို 2-0 နဲ့ အနိုင်ရတဲ့ပွဲမှာ လက်စတာရဲ့ ကစားပုံကို မြင်ခဲ့ရတယ်။ အဲ့သည်ပွဲအတိုင်း တော်တင်ဟမ်ကို အခွင့်အရေး သွားပေးရင်တော့ ခံစားရမှာပါပဲ။ မတ်ဒီဆန်ဟာ နော်ကဆုံးကစားတဲ့ 2 ပွဲမှာ 2 ဂိုးသွင်းထားတယ်။ လက်စတာက ပိုပိုကောင်းလာတဲ့ လူငယ်ကစားသမားကို ရထားပေမယ့် လက်စတာအတွက်တော့ တော်တင်ဟမ်က တောင့်တင်းလွန်းတဲ့ ကလပ်အသင်းပါ။ အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲ ဒုတိယပိုင်း 45 မိနစ်ကလွဲရင် စပါးဟာ ကောင်းမွန်တဲ့ စတင်ခြင်းတွေ ပိုင်ဆိုင်ထားပြီး ကင်းပါဝါကွင်းမှာလည်း အဲ့သည်လိုပဲ ဆက်လက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ လက်စတာ 1-3 တော့တင်ဟမ်စပါး

နယူးကာဆယ် Vs ၀ုဗ်

(ဒီဇင်ဘာ ၉၊ တနင်္ဂနွေနေ့ ည ၁၀း၃၀ နာရီ)

ခန့်မှန်းရခက်တဲ့ ပွဲပါပဲ။ အိမ်ကွင်းမှာ ဝက်ဟမ်းကို အသာမရပေမယ့် အဝေးကွင်းမှာ အဲဗာတန်ကို ခံကစားနိုင်ခဲ့တယ်။ ဝုဗ်ကလည်း အလားတူပါပဲ။ အနိုင်ရသင့်တဲ့ပွဲ မနိုင်ပေမယ့် ချယ်ဆီးကိုတော့ အနိုင်ကစားခဲ့တယ်။ ဒီလို ခန့်မှန်းရ ခက်လို့လည်း ကျနော်တို့ ပရီးမီးယားလိဂ်ကို နှစ်သက်တာပါပဲ။ ဂိုးများပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲတစ်ပွဲဖြစ်လာပါမယ်။

ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 2-2 ၀ုဗ်

အဲဗာတန် Vs ၀က်ဖို့

(ဒီဇင်ဘာ ၁၁၊ အင်္ဂါနေ့ မနက် ၂း၃၀ နာရီ)

မန်စီးတီးနဲ့ပွဲမှာ ဝတ်ဖို့ ကံမကောင်းခဲ့ဘူးလို့ ပြောကြနိုင်ပေမယ့် ကျနော်ကတော့ မထင်ပါဘူး။ အဲ့သည်ပွဲမှာ ဝတ်ဖို့ရဲ့ အကောင်းဆုံးကစားသမားက ဂိုးသမား ဖော်စတာပါ။ သူက အကောင်းဆုံး ကစားသမားဖြစ်မှာတော့ ကံမကောင်းတာ မဖြစ်နိုင်တော့ဘူး။ အဲဗာတန်ကတော့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အရမ်းကောင်းခဲ့တယ်။ နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲမှာတော့ အနိုင်မရခဲ့ဘူး။ ဒါပေမယ့် ဒီပွဲကိုတော့ အိမ်ရှင် အဲဗာတန်ပဲ နိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ အဲဗာတန် 2-1 ၀က်ဖို့