ယူနိုက်တက် ဘောလုံးဒါရိုက်တာ ဖြစ်လာဖွယ် ရှိတဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း Danny Higginbotham က မန်ချက်စတာယူနိုက်တက် အနေနဲ့ ပေါ့ဘာနဲ့ ဒီဂီယာကို လက်လွှတ်ဆုံးရှုံးလို့ မဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ ပေါ့ဘာကို ခေါ်ယူရန် ကြိုးစားဖို့ ၄၇ ရက်သာ ကျန်ရှိပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကစားသမား ခေါ်ယူခွင့်က သြဂုတ် ၈ ရက်မှာ ပိတ်မှာဖြစ်ပြီး အဲဒီရက် နောက်ပိုင်းမှာ ကစားသမား ရောင်းချခွင့် ရှိသော်လည်း အစားထိုး ကစားသမား ခေါ်ယူနိုင်မှာ မဟုတ်တာကြောင့် ယူနိုက်တက်က ၈ ရက်နေ့ နောက်ပိုင်း ရောင်းချမှာ မဟုတ်တော့ပါဘူး။

မန်ယူပရိသတ်တွေက အိုက်ကာဒီကို အသင်းဂျာစီနဲ့အတူ အသင်းလိုဂို နောက်ခံထားပြီး Fan made ပုံ ဖန်တီးခဲ့ကြပါတယ်။ ဖန်တီးထားတဲ့ Fan made ပုံနဲ့ တွဲလျက် မေးခွန်းကတော့ အိုက်ကာဒီကို တိုက်စစ်အတွက် ခေါ်ယူသင့်လားဖြစ်ပါတယ်။

အင်္ဂလန်လိဂ်မှာ နေရာတစ်နေရာအတွက် စတင်ထိုးဖောက်လာပြီဖြစ်တဲ့ လူငယ် ၁၀ ဦး စာရင်းမှာတော့ မန်ယူမှ တာဟစ်ချောင် ပါဝင်လာပါတယ်။

အလက်ဆစ် ဆန်းချက်ရဲ့ ရုန်းကန်ရမှုအကြောင်း မှတ်ချက်ပေးပြောဆိုမှုမှာ ချီလီတိုက်စစ်သမားဟာ မန်ချက်စတာ ယူနိုက်တက်မှာထက် နိုင်ငံအသင်းနဲ့ ပိုပြီး အချစ်ခံရတယ်လို့ ချီလီ နည်းပြ Reinaldo Rueda က ဆိုပါတယ်။

စပါးအသင်းက ၄င်းတို့ ကွင်းလယ်ကစားသမား အဲရစ်ဆန်ကို အသင်းပြောင်းခွင့် ပြုဖို့ နီးစပ်နေပါတယ်။ ကစားသမားကတော့ ယူနိုက်တက်နဲ့ ဂျူဗင်တပ် တစ်သင်းသင်းကို ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေမှာ ချီလီသားတိုက်စစ်သမား ဆန်းချက်ကို ထွက်ခွာသွားစေလိုပေမယ့် ၄င်းကို ခေါ်ယူလိုတဲ့ အသင်း မရှိသေးတာကြောင့် အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက် ထိန်းသိမ်း ထားရဖွယ်ရှိပါတယ်။

ဂျာမန်သား ခံစစ်မှူး ဟမ်းမဲလ်က ဒီတစ်ပတ်ထဲ ဒေါ့မွန်အသင်းထံ ပြန်ရောက်ရှိ မသွားခင် ယူနိုက်တက်ကလည်း လုပ်ခ လစာကောင်းကောင်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့တယ်လို့ သိရပါတယ်။