မန်ယူဘက်က ပေါ့ဘာကို လက်လွှတ်ဖို့ အစီအစဉ် မရှိသော်လည်း ကစားသမား ကိုယ်တိုင် အသင်းက ထွက်ခွာဖို့ စိုင်ပြင်းနေတာကြောင့် ၄င်း နေရာ အစားထိုးဖို့ ကစားသမားများ ဈေးကွက်ထဲမှာ စတင် ရှာဖွေလာပါတယ်။

သတင်းကောင်းကတော့ စပါးကနေ ထွက်ခွာမယ်လို့ ထုတ်ပြောထားတဲ့ စပါးကွင်းလယ်လူ အဲရစ်ဆန်ဟာ လာလီဂါကလပ်က သူ့ထက် ပေါ့ဘာကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်တဲ့နောက် အနာဂတ်အသင်းအဖြစ် မန်ယူနဲ့ ဂျူဗင်တပ်ကြားက အသင်းတစ်သင်းကို ရွေးချယ်လိုနေပါတယ်။

စပါးအသင်း အဓိက ကစားသမားဖြစ်တဲ့ အဲရစ်ဆန်ဟာ ကွင်းလယ်နိုင်နင်းပြီး မနှစ်ကရာသီ စပါးအတွက် ခြေစွမ်းပြခဲ့တဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နွေဈေးကွက်မှာခေါ်ယူဖို့ ကစားသမားကောင်းတွေကို စိတ်ဝင်စားခဲ့ရာမှာ အဲရစ်ဆန်လည်း ပါဝင်ခဲ့ပါတယ်။

တော်ဝင်မက်ဒရစ်အသင်းက ပရီးမီးယားလိဂ် ကစားသမား နှစ်ဦးအနက် ပေါ့ဘာကို ခေါ်ယူဖို့ ပိုမို ဆန္ဒရှိတဲ့နောက် အဲရစ်ဆန်ဟာ မန်ယူကို စိတ်ဝင်စားလာတာလို့ သိရတယ်။ ဒိန်းမတ်သားဟာ အခွင့်အရေး ရှိမယ်ဆိုရင် ဂျူဗင်တပ်ကိုလည်း ပြောင်းရွှေ့လိုစိတ် ရှိနေပါတယ်။

မန်ယူဘက်ကလည်း စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားတဲ့ ဟာရဲရားနေရာ အစားထိုးဖို့လည်း ရှိထားတာကြောင့် ကွင်းလယ် အားဖြည့်ဖို့က လိုအပ်နေတာ အမှန်ပါ။ ဘာစီလိုနာမှ ရာကီတစ်နဲ့ ကော်တင်ညို တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။