“အဆင့္ဆိုတဲ့ အရာနဲ႔ ႏွဳိင္းလာခဲ့လို႔ သူ႔ကို တရားစြဲဖို႔ ဆံုးျဖတ္ခဲ့တာပါ။ သူနဲ႔ (၈) လေက်ာ္တြဲခဲ့ပါတယ္။ သူ႔ကို ယူဖို႔ ဘာတစ္ခုမွ အတင္းအၾကပ္ မလုပ္ခဲ့ပါဘူး” လို႔ ေဝဠဳေက်ာ္ ကို တရားစြဲမယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ျပီး ေျပာလာတဲ့ ေဝဠဳေက်ာ္ ခ်စ္သူျဖစ္ခဲ့သူ အလွမယ္ သင္းသင္း ။

ပရဟိတ သမားတစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္ ေ၀ဠဳေက်ာ္ကို ရည္းစားေဟာင္းျဖစ္သူ ေမာ္ဒယ္ သင္းသင္းက တရားစဲြဆိုေတာ့မယ္လုိ႔ သိရပါတယ္။

အဆိုပါ သတင္းေတြ အျပီးမွာ – “ရည္းစားထားမိတယ္။ ရည္းစားျပတ္သြားတယ္။ အဲ့ဒါတရားဆြဲခံရတယ္။ အဲ့ဒါကြ်န္ေတာ္ပါ။အထူးျခားဆုံး ျမန္မာျပည္က လူတစ္ေယာက္ပါ” လို႔ သရုပ္ေဆာင္ ေ၀ဠဳေက်ာ္က Popular Journal နဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။

ေမာ္ဒယ္ မသင္းသင္းမွ “အၾကိမ္ၾကိမ္စဥ္းစားျပီးမွ ဒီလမ္းကို ကၽြန္မေရြးလုိက္တာပါ။ သူ႕ေမြးေန႕မွာ စျပီး ျပႆနာျဖစ္တယ္၊ အဆင့္အတန္းေတြ ဘာေတြနဲ႕ ႏႈိင္းလာခဲ့ေတာ့ တကယ့္ကို ခ်စ္ခဲ့ေပမဲ့ မခံခ်င္စိတ္နဲ႕ တရားစြဲမွာပါ ” ဆိုတဲ့ … ရည္းစားသက္တမ္း ၇လ ရွိခဲ့ေၾကာင္းသိရတဲ့ >> ေ၀ဠဳေက်ာ္ ရဲ႕ ခ်စ္သူ ျဖစ္ခဲ့တဲ့ .. အလွမယ္ တစ္ဦးျဖစ္သူ “သင္းသင္း” က Sunday Journal နဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

သင္းသင္းက သူမဆီမွာ တရားစြဲဆိုေလာက္တဲ့ အေထာက္အထားေတြ စုေဆာင္းထားေၾကာင္းနဲ႕ ေ၀ဠဳေက်ာ္ကို မယံုၾကည္ရေတာ့ဘူးလို႔ စိတ္ထဲ ထင္လာတည္းက တခ်ိန္မွာ လိုအပ္ခဲ့သည္ရွိေသာ္ ဆိုေသာ သေဘာနဲ႕ အေထာက္အထားမ်ား သူမဆီမွာ ယူထားခဲ့တာ ရွိတယ္လုိ႔ ေျပာခဲ့ပါတယ္။ လာမယ့္ အပတ္ထဲ တနလၤာ သို႔မဟုတ္ အဂၤါေန႔မွာ တရားစြဲမွာ ျဖစ္တယ္လို႔ သူမက ေျပာပါတယ္။

တရားစဲြဆုိမည့္အမူမွာ ကာမလိမ္လည္မူျဖစ္ေၾကာင္း သိရပါတယ္။

[Unicode] “အဆင့်ဆိုတဲ့ အရာနဲ့ နှိုင်းလာခဲ့လို့ သူ့ကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူနဲ့ (၈) လကျော်တွဲခဲ့ပါတယ်။ သူ့ကို ယူဖို့ ဘာတစ်ခုမှ အတင်းအကြပ် မလုပ်ခဲ့ပါဘူး” လို့ ဝေဠုကျော် ကို တရားစွဲမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောလာတဲ့ ဝေဠုကျော် ချစ်သူဖြစ်ခဲ့သူ အလှမယ် သင်းသင်း ။

ပရဟိတ သမားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်တစ်ယောက် ရည်းစားဟောင်းဖြစ်သူ မော်ဒယ် သင်းသင်းက တရားစွဲဆိုတော့မယ်လို့ သိရပါတယ်။

အဆိုပါ သတင်းတွေ အပြီးမှာ – “ရည်းစားထားမိတယ်။ ရည်းစားပြတ်သွားတယ်။ အဲ့ဒါတရားဆွဲခံရတယ်။ အဲ့ဒါကျွန်တော်ပါ။အထူးခြားဆုံး မြန်မာပြည်က လူတစ်ယောက်ပါ” လို့ သရုပ်ဆောင် ဝေဠုကျော်က Popular Journal နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

မော်ဒယ် မသင်းသင်းမှ “အကြိမ်ကြိမ်စဉ်းစားပြီးမှ ဒီလမ်းကို ကျွန်မရွေးလိုက်တာပါ။ သူ့မွေးနေ့မှာ စပြီး ပြဿနာဖြစ်တယ်၊ အဆင့်အတန်းတွေ ဘာတွေနဲ့ နှိုင်းလာခဲ့တော့ တကယ့်ကို ချစ်ခဲ့ပေမဲ့ မခံချင်စိတ်နဲ့ တရားစွဲမှာပါ ” ဆိုတဲ့ … ရည်းစားသက်တမ်း ၇လ ရှိခဲ့ကြောင်းသိရတဲ့ >> ဝေဠုကျော် ရဲ့ ချစ်သူ ဖြစ်ခဲ့တဲ့ .. အလှမယ် တစ်ဦးဖြစ်သူ “သင်းသင်း” က Sunday Journal နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

တရားစွဲဆိုမည့်အမူမှာ ကာမလိမ်လည်မူဖြစ်ကြောင်း သိရပါတယ်။

သင်းသင်းက သူမဆီမှာ တရားစွဲဆိုလောက်တဲ့ အထောက်အထားတွေ စုဆောင်းထားကြောင်းနဲ့ ဝေဠုကျော်ကို မယုံကြည်ရတော့ဘူးလို့ စိတ်ထဲ ထင်လာတည်းက တချိန်မှာ လိုအပ်ခဲ့သည်ရှိသော် ဆိုသော သဘောနဲ့ အထောက်အထားများ သူမဆီမှာ ယူထားခဲ့တာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ လာမယ့် အပတ်ထဲ တနင်္လာ သို့မဟုတ် အင်္ဂါနေ့မှာ တရားစွဲမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။