မန်ယူပရိတ်တက်တွေဟာ PSG အသင်းရဲ့ ၀ါရင့်နောက်ခံလူ အဲဗက်စ်ကို ခေါ်ယူခြင်းမပြုဖို့ တောင်းဆိုနေကြတယ်လို့ သိရှိရပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ပရိတ်သတ်တွေကတော့ သူ့ကို အလိုမရှိကြပါဘူး။

မန်ယူအနေနဲ့ ဒီလစ်ကို မရပေမယ့် လက်စတာစီးတီးနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ မြို့ခံပြိုင်ဖက် စီးတီးကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းယားဟာ ဆိုးရှားရဲ့ ခံစစ်အတွက် ဦးစားပေးပစ်မှတ် ဖြစ်နေဆဲပါပဲ။

ကိုပါအမေရိကဖလားပွဲမှာ ချီလီအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ကတော့ သူ့အနေနဲ့ မန်ယူမှာ အခွင့်အရေးတွေ ရယူနိုင်ဖို့အတွက် လက်လျော့ အရှုံးပေးဦးမှာ မဟုတ်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

ဆိုးရှားက အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်နိုင်ဖို့အတွက် စပို့တင်းလစ္စဘွန်းရဲ့ ဘရူနိုဖာနန်ဒက်ကို ခေါ်ယူပေးဖို့ အရှိန်မြင့်လုပ်ဆောင်ပေးစေလိုကြောင်း အသင်းအမှူဆောင်ချုပ် ၀ုဒ်ဝဒ်ကို တောင်းဆိုမှု ပြုလုပ်လိုက်ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ နော့တင်ဟမ်ဖောရက်စ်အသင်းကို စွန့်ခွာခဲ့ပြီလို့ သိရှိရပါတယ်။ သူ့ကို မန်ယူရဲ့ အားကစားဒါရိုက်တာအဖြစ် မြင်တွေ့ရမယ်လို့ ကောလဟာလတွေ ပေါ်ထွက်နေပြီလည်း ဖြစ်ပါတယ်။

မန်ယူဘက်က သက်တမ်းတိုးထားတဲ့ ကွင်းလယ်ကစားသမား မာတာဟာ စာချုပ်သစ်မှာ ယခင်စာချုပ်ကထက် တစ်ပတ်လုပ်ခ ပေါင် (၄၅၀၀၀) လျော့ချခံပြီး စာချုပ်သစ် ချုပ်ဆိုခြင်းဖြင့် အသင်းအပေါ် သူ့ရဲ့ သစ္စာရှိမှုကို ပြသသွားခဲ့ပါတယ်။

မန်ယူရဲ့ လူငယ်ကြယ်ပွင့်ကစားသမား တော်မီနေးဟာ ရာသီကြိုပွဲစဉ်တွေအတွက် ကြံ့ခိုင်မှု အပြည့်အဝ ရရှိဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာတော့ သူဟာ ဒူဘိုင်းမှာ လေ့ကျင့်ရေး ဆင်းနေဆဲ ဖြစ်ပါတယ်။

မန်ယူဟာ အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို စာချုပ်ပါအတိုင်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးခြင်းကို အသက်သွင်းခဲ့ပြီဖြစ်ပြီး ဆက်ပြီးလည်း ကာရှည် စာချုပ်သက်တမ်း ထပ်တိုးကာ ကာလရှည်ကြာ ဆက်ထိန်းထားနိုင်ဖို့ ပြင်ဆင်နေပါပြီ။