အင်္ဂလန် ယူ(၂၁) အသင်းရဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကနေ စောစီးစွာ လှည့်ပြန်လာရဖို့ ဖြစ်လာတဲ့ အခြေအနေဟာ မန်ယူအတွက်တော့ အကျိုးအမြတ် ဖြစ်လာစေမှာပါ။ သူတို့ဟာ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ အနာဂတ်နဲ့ နောက်ခံလူ ဘီဆာကာကို ခေါ်ယူဖို့ကိစ္စတွေကို အရှိန်မြင့်နိုင်ပါတော့မယ်။

မန်ယူဟာ ဒန်နီရယ်ဂျိမ်းနောက် ဒီနွေအတွက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ဘစ်ဆာကာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး ဆေးစစ်ဖို့ ရက်စွဲကိုပါ ပြင်ဆင်ထားခဲ့ပြီလို့ Goal သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်ယူအသင်းသားတွေဟာ ရာသီကြိုပွဲစဉ်တွေအတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဂျူလိုင် (၁) ရက်နေ့ကစပြီး ပြန်လည်စုစည်းတော့မှာပါ။ အသစ် ခေါ်ယူထားခဲ့တဲ့ ဒန်နီယယ်ဂျိမ်းဟာလည်း သူ့ရဲ့အသင်းသစ်နဲ့ ပူးပေါင်းသွားပါမယ်။

မန်ယူဟာ ဖီးဂျုံး၊ စမောလင်းတို့နဲ့အတူ လျော့ရဲနေတဲ့ ခံစစ်ကို ပြုပြင်လိုနေပြီး ဒီနွေမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုကြီးတွေ လုပ်ထားတဲ့ ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၄၃၀ သန်း တောင်းခံရမယ်လို့ ဖော်ပြလာပါတယ်။

အင်တာမီလန်ဟာ လူကာကူ အတွက် သဘောတူညီမှုရရန် ဆွေးနွေးနေဆဲဖြစ်ပြီး အီတလီသတင်းတွေအရ အင်တာမီလန်အသင်းဟာ ဈေးကွက်တန်ဖိုးရဲ့ အနည်းဆုံး သန်း ၂၀ လောက်လျော့ပေးရန် တောင်းဆိုဖွယ်ရှိနေပါတယ်။

ဒီရက်တွေထဲမှာ မက်ဂွဲရားကို ခေါ်ယူဖို့ ကြိုးစားနေကြတဲ့ မန်စီးတီးနဲ့ မန်ယူအတွက် စဉ်းစားစရာ ကိစ္စအဖြစ် နာပိုလီအသင်း ခံစစ်သမား ကူလီဘာလီက သူ့အနာဂတ်က နာပိုလီမှာ ဆက်ရှိနေဖို့ မသေချာဘူးဆိုပြီး သတင်းပေးလာခဲ့ပါပြီ။

မန်ယူဟာ တောင်ပံတိုက်စစ်ကစားသမား တစ်ဦးကို ဒီနွေရာသီမှာ အရခေါ်ယူသွားဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ ပစ်မှတ် နီကိုးလပ်ပီပီကို စီးရီးအေဘက်က ယူရို (၇၅) သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာပါပြီ။

မန်ယူနည်းပြ ဆိုးရှားက အသင်းက ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အဓိက ကစားသမား နှစ်ယောက် ဖြစ်တဲ့ ပေါ့ဘာနဲ့ လူကာကူတို့ ရာသီကြို ခြေစမ်း ခရီးစဉ်တွေမှာ ပါဝင်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။