ဖရန့်လမ်းပတ်ကို ချယ်ဆီးအသင်းက လိုအပ်နေကြောင်းနဲ့ နည်းပြ အဖြစ် တာဝန်ယူဖို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က တိုက်တွန်းစကား ဆိုလိုက်ပါတယ်။ လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ တိုက်စစ်မှူးဟောင်း ဒရော့ဘာကလည်း အတည်ပြု ပြောဆိုထားပါတယ်။

ချယ်ဆီးအသင်းဟာ လမ်းပတ်ကို လာမယ့် ၄၈ နာရီအတွင်း နည်းပြသစ်အဖြစ် အတည်ပြု ကြေငြာနိုင်တော့မယ်လို့ TalkSport သတင်းဌာနက ပြောကြားထားပါတယ်။

ဒဏ်ရာကြောင့် ရာသီအစ ပွဲစဉ်များ လွဲချော်မယ် သတင်းထွက်ထားတဲ့ ချယ်ဆီးလူငယ်တိုက်စစ်သမား အိုဒွိုင်းဟာ အခြေအနေ ကောင်းမွန် သက်သာနေပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်နေမှုများ ဗီဒီယိုတင်ကာ မျှဝေထားပါတယ်။

ချယ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာ နည်းပြတွေကို ရွေးချယ်ခန့်အပ်လေ့ရှိတဲ့နေရာမှာ ဘယ်တော့မှ မှားလေ့မရှိတတ်တဲ့အတွက် လမ်းပတ်ဟာ ချယ်လ်ဆီးအတွက် သင့်တော်တဲ့နည်းပြဖြစ်မှာ ယုံကြည်နေကြောင်း ခံစစ်မှူးဟောင်း မာဆယ်ဒက်ဆယ်လီက ဆိုခဲ့ပါတယ်။

မနှစ်ကရာသီ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်သမား အေဘရာဟမ်က လမ်းပတ်သာ ချယ်ဆီးနည်းပြ အဖြစ် ရောက်လာရင် အသင်းက မခွာဘူးလို့ ပြောကြားလိုက်ပြီး ချယ်ဆီးအသင်းဟာ လူငယ်တွေကို အသင်းမှာ ထိန်းသိမ်းဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လာပါတယ်။