နာမည်​ကြီး ​မော်​ဒယ်​နှင့်​သရုပ်​​ဆောင်​ ဧငြိမ်းဖြူက နာမည်​ရပြီးသားသူဖြစ်​ပါတယ်​​။ ဘိုဆန်​ဆန်​မျက်​နှာ​လေးနဲ့ ချစ်​စရာ​ကောင်းတဲ့ အမူအယာ​လေး​တွေ​ကြောင့်​ ပရိသတ်​​တွေက အချစ်​ပို​နေရသးတစ်​ဦးလဲဖြစ်​ပါတယ်​။ ဧငြိမ်းဖြူက မြန်​မာဇာတ်​လမ်းတွဲ​တွေ ရိုက်​ကူးရင်း ပရိသတ်​​တွေရဲ့ သတိထားမိခြင်းကိုခံလာရပြီး အခုချိန်​မှာ​တော့ အား​ပေးသူပရိသတ်​အခိုင်​အမာရရှိ​နေပြီပဲဖြစ်​ပါတယ်​။

ဧငြိမ်းဖြူက Runway Model တစ်​​ယောက်​အ​နေနဲ့လဲ ရပ်​တည်​​နေပြီး အနုပညာအလုပ်​​တွေကို ဆက်​တိုက်​ဆိုသလိုလုပ်​ကိုင်​​နေရပါတယ်​။ ဧငြိမ်းဖြူက ရံဖန်​ရံခါမှာလဲ Cover Dance အကဗီဒီယို​တွေကိုလဲ ရိုက်​ကူးပြီး ပရိသတ်​​တွေကလဲ သူမရဲ့ အကဗီဒီယို​ကို သ​ဘောကျနှစ်​ခြိုက်​ကြပါတယ်​။

ပရိသတ်​​တွေက ဧငြိမ်းဖြူကို သူမရဲ့အနုပညာလုပ်​ငန်း​တွေအပြင်​ အချစ်​​ရေးကိုလဲ စိတ်​ဝင်​စားကြပါတယ်​။ ဧငြိမ်းဖြူက နာမည်​ကြီးအဆို​တော်​ ရဲရင့်​​အောင်​နဲ့ တွဲ​နေတာဖြစ်​ပြီး ချစ်​သူသက်​တမ်း နှစ်​နှစ်​ပြည့်​​တော့မှာ ဖြစ်​ပါတယ်​။ ရဲရင့်​​အောင်​နဲ့ ဧငြိမ်းဖြူက ၂၀၁၇ ခုနှစ်​ သင်္ကြန်​မှာ တွဲ​နေကြတယ်​လို့ သတင်း​တွေထွက်​​ပေါ်လာပြီး​နောက်​ပိုင်းမှာပဲ သူတို့ကိုယ်​တိုင်​ ချစ်​သူ​တွေဖြစ်​​နေကြပါတယ်​လို့ တရားဝင်​ဖွင့်​​ပြောခဲ့ပါတယ်​။

ဧငြိမ်းဖြူနဲ့ ရဲရင့်​​အောင်​တို့ နှစ်​​ယောက်​စလုံးက အနုပညာရှင်​​တွေဖြစ်​လို့ တစ်​​ယောက်​ကိုတစ်​​ယောက်​ နားလည်​မှုအပြည့်​နဲ့ လက်​တွဲ​နေကြတာပဲဖြစ်​ပါတယ်​။ ချစ်​သူသဘာဝ စိတ်​ဆိုးစိတ်​​ကောက်​တာ​တွေရှိ​ပေမယ့်​ အ​ကောင်းဆုံးနားလည်​ပြီး လက်​တွဲမြဲခဲ့ပါတယ်​။

ဒီ​နေ့မှာ​တော့ ဧငြိမ်းဖြူက သူမရဲ့ ​ဖေ့စ်​ဘုတ်​ Story မှာ အလိမ်​အညာခံခဲ့ရလို့ ချစ်​သူနဲ့ လမ်းခွဲလိုက်​ပြီဆိုတဲ့အ​ကြောင်း တင်​ထားခဲ့ပါတယ်​။ ဒါဟာ ဧငြိမ်းဖြူ နဲ့ ရဲရင့်​​အောင်​တို့ကြားက နားလည်​မှုလွဲ​ချော်​​နေတာလား။ သာမန်​စိတ်​ဆိုးစိတ်​​ကောက်​​နေတာလားဆိုတာ​တော့ မသိရ​သေးပါဘူး။ ရဲရင့်​​အောင်​ဖက်​ကလဲ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး ဘာမှ​ပြောဆိုထားခြင်းမရှိ​သေးပါဘူး။

ရဲရင့်​​အောင်​နဲ့ ဧငြိမ်းဖြူကို ချစ်​ကြတဲ့ ပရိသတ်​​တွေက​တော့ သူတို့နှစ်​ဦးကို ဒီလိုမျိုးလမ်းခွဲတာမျိုးကို လုံးဝထင်​မှတ်​မထား​လောက်​ပါဘူး။