Myanmar Imperial University – MIU မှာ စာကြည့်တိုက်မှုး အဖြစ် အလုပ်လုပ် နေတဲ့ မောင် Kyaw Zin Win (ခ) ဂျစ်တူး ဟာ လုပ်ဖော် ကိုင်ဖက်များရဲ့ အနိုင်ကျင့် ထိုးနက် ပြောဆို မှု့များကြောင့် မိမိ ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်လို့ သိရပါတယ်။

မောင်ကျော်ဇင်ဝင်းဟာ သက်ကြီးအရွယ် အဖွားကို အလုပ်အကျွေး ပြုစုနေသူဖြစ်ပြီး သူဟာ လိင်တူချစ်သူ/ ဂေး တစ်ယောက် ဖြစ်နေတဲ့အတွက် လှောင်ပြောင် ပြောဆိုမှု့များကို အမြဲ ခံရလေ့ရှိတယ်လို့ သိရပါတယ်။

ကွယ်လွန်သူရဲ့ အသိသူငယ်ချင်း ကိုကျော်လင်းအောင် ရဲ့ ပြောကြားချက်အရ –

“အစည်းအဝေးခန်းထဲမှာ တစ်ယောက်တည်း ကွက်ချန်ပြီး Gay ဟုတ်ပါတယ်လို့ ဝန်ခံခိုင်းခဲ့ကြတယ်။ အဲဒီနောက် လုပ်ငန်းခွင် Viber Group ထဲမှာ သူ့ကိုဝိုင်းလှောင်ခဲ့တယ်။ သူ့လိုမဖြစ်စေနဲ့လို့တောင် မိန်းမ တစ်ယောက်က ပြောသေးတယ်။ အကောင်တစ်ကောင်က စစ်ထဲပို့ရမှာဆိုပြီး ပြောတဲ့ Screenshots တွေ သူမသေခင် တင်သွားတယ်။” လို့ ဆိုခဲ့ပါတယ်။

ကွယ်လွန်သွားသူ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးရင်း လူအချင်းချင်း ခွဲခြားဆက်ဆံ လှောင်ပြောင်ခြင်းများ ကင်းဝေးပြီး တရားဥပဒေ အစိုးရစေဖို့ မျှော်လင့်မိပါတယ်။ စစ်မှန်စွာ ငြိမ်းချမ်းပြီး ပျော်ရွှင်ကြပါစေ။ 🙏🏽

“စကားလုံးတွေက လူ သတ် နိုင်ပါတယ်။”

Suicide is never the answer. We care about you and you are not alone.

မိမိကိုယ်ကိုယ် သတ်သေခြင်းသည် အဖြေမှန် မဟုတ်ပါ။ ကျွန်ုပ်တို့ သင့်ကို နားလည်ပါတယ်။ သင်တစ်ယောက်ထဲ မဟုတ်ပါ။

Photos credits to original uploaders.