ဥရောပ နာမည်ကျော် အသင်းတွေမှာ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နယ်သာလန်သား မန်နေဂျာကြီး ဗန်ဟားကတော့ ကမ္ဘာအကောင်းဆုံး ကစားသမား မက်ဆီကို ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
ဗန်ဟားက မက်ဆီရဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေကြမှုကို ထောက်ပြခဲ့ပြီး အသင်းလိုက်ဟာ တစ်ကိုယ်တော်စွမ်းထက် ပိုသာလွန်တယ်ဆိုတာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မြင်ခဲ့ရတယ်လို့ ယုံကြည်နေတယ်။
မက်ဆီရဲ့ ဘာစီလိုနာဟာ ဒီနောက်ပိုင်းမှာ အောင်မြင်မှုတွေ ရနေပေမယ့် ပြည်တွင်းအောင်မြင်မှုတွေပဲဖြစ်ပြီး ဥရောပမှာတော့ ကျရှူံးနေတာဖြစ်တယ်။ မနှစ်ကလည်း စုဖွဲ့မှုမှာ အသင်းလိုက် ပိုကောင်းတဲ့ လီဗာပူးက ၄င်းတို့ရဲ့ အသင်းတွေကို ချန်ပီယံလိဂ်မှာ အနိုင်ယူခဲ့မှုအပေါ် ဗန်ဟားက ထောက်ပြခဲ့ပါတယ်။
ဗန်ဟားက ပြောရာမှာတော့ ” ဘာစီလိုနာကို ကြည်ပါ။ ကမ္ဘာအကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ထားပြီး သူတို့ ချန်ပီယံလိဂ်ဖလား ဘယ်နှစ်ကြိမ် အနိုင်ရထားခဲ့လဲ။ မက်ဆီဟာ အသင်းလိုက် မဟုတ်တဲ့ တစ်ကိုယ်တော် ကစားသမားပါ။ စုဖွဲ့မှုနဲ့ ကစားတဲ့ပွဲတွေမှာ အသင်းလိုက် ကစားသမားတွေထက် ပိုအရေးပါတာ မရှိတော့ပါဘူး။ ” လို့ ဝေဖန်ခဲ့တာပါ။
မက်ဆီပါဝင်တဲ့ ဘာစီလိုနာဟာ မနှစ်တုန်းက ဆီမီးဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။