လီဗာပူအသင်းဟာ မင်ညိုလတ်ကို ရောင်းချပြီး အခြား ဂိုးသမား ရှာဖွေမယ်လို့ အပြောင်းအရွှေ့ ဖွင့်စမှာ ဦးတည်ခဲ့ပေမယ့် အခြေအနေ ပြောင်းလဲ သွားဟန် ရှိပြီး မင်ညိုလတ်ရဲ့ သဘောထားနဲ့ အရန်ဂိုးသမား အဖြစ် အသင့်ရှိနေမှုကို ကလော့ပ်က သဘောကျ နှစ်ခြိုက်တာကြောင့် အသင်းမှာ ဆက်ထိန်းထားရန် ရည်ရွယ်နေပါတယ်။

ဆီနီဂေါအသင်းနဲ့ အတူ အာဖရိကဖလား ပြိုင်ပွဲဝင်နေတဲ့ လီဗာပူးတိုက်စစ်မှူး ဆာဒီယို မာနေးက နိုင်ငံအသင်းနဲ့ အတူ ဒီပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးတာကြောင့် အလွန် စိတ်အားထက်သန်နေပြီး ဒီပြိုင်ပွဲ ဗိုလ်စွဲဖို့ ချန်ပီယံလိဂ် ဆုဖလားနဲ့ လဲလို့ရရင် လဲမှာ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။

မက်ဒရစ်မြို့မှာ လီဗာပူးအသင်း ခြောက်ကြိမ်မြောက် ဥရောပဖလား အောက်မြင်ခဲ့ပြီးနောက် ကလပ်အတွက် တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဗန်ဒိုက်က ယုံကြည်မှု ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ လိုင်လီတောင်ပံသမား ပီပီကို ခေါ်ယူဖို့ရာ ချိတ်ဆက်မှုတွေ လုပ်ထားဆဲလို့ သိရပါတယ်။

စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ လီဗာပူးတိုက်စစ်သမား အိုရီဂီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး လီဗာပူးကလည်း ဘက်တစ် အသင်းမှ ဘယ်အစွန်လူ Junior Firpo ကို စိတ်ဝင်စားနေပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းဟာ လီဗာပူး လူငယ်ကစားသမား ကမာချိုကို ခေါ်ယူဖို့ ဆက်လက်ပြီး ညိနှိုင်းနေဆဲဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ် နေရာစုံ အသုံးပြုနိုင်တဲ့ ညာခြမ်း ကစားသမားကိုတော့ စပို့တင်းဘက်က ပေါင် ၁၀ သန်းနဲ့ ညိနှိုင်းနေပေမယ့် လီဗာပူးဘက်က မီးစိမ်း မပြသေးပါဘူး။

လီဗာပူးအသင်းဟာ ဥရောပထိပ်တန်းကလပ်တွေ အများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘေဘီဗန်ဒိုက်လို့ နယ်သာလန်မှာ ထင်ရှားနေတဲ့ အသက် ၁၇ နှစ်အရွယ် ခံစစ်သမားလေး Sepp van den Berg ကို ခေါ်ယူဖို့ ကြိုးစားနေမှုက အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ လီဗာပူးက နယ်သာလန် လူငယ်လေးကို ခေါ်ယူဖို့ ယှဉ်ပြိုင်မှုမှာ ဘိုင်ယန်နဲ့ အေဂျက်ကို အနိုင်ရခဲ့တာဖြစ်ပြီး ပေါင် ၁.၇၉ သန်းပေးရမှာ ဖြစ်ပါတယ်။