လန်ဒန်အခြေစိုက် သတင်းများ အဆိုအရ ချယ်ဆီးအသင်းဟာ လမ်းပတ်ကို ဒီတပတ်ထဲမှာပဲ တရားဝင်ခန့်အပ်တော့မယ်လို့ သိရပါတယ်။ TalkSport ကလည်း လမ်းပတ်ကို ၄၈ နာရီ အတွင်း ချယ်ဆီးနည်းပြ အဖြစ် ကြေငြာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ချယ်ဆီး အမျိုးသမီးအသင်းဟာ အစ္စရေး အမျိုးသမီး လက်ရွေးစင်အသင်းနဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ အစ္စရေးသို့ သွားရောက်ပြီး ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ကြောင်းသိရပြီး ထိုပွဲကို ချယ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။
လာမယ့် အပတ်မှာတော့ ချယ်ဆီး ကစားသမားတွေဟာ ရာသီကြို အစီအစဉ်အတွက် စတင် ပူးပေါင်းမှုတွေ လုပ်ကြမှာဖြစ်ပြီး ချယ်ဆီး အသင်းဟာ မန်နေဂျာသစ်ကိုလည်း တရားဝင်ကြေငြာတော့မှာပါ။
ချယ်ဆီးတောင်ပံသမား အိုဒွိုင်းဟာ ရာသီကြိုပွဲစဉ်တွေကို လိုက်ပါဖို့ မသေချာပေမယ့် ကြံ့ခိုင်မှု ပြန်ကောင်းလာပြီဖြစ်ကာ အပေါ့စား ဘောလုံးလေ့ကျင့်ရေးတွေကို စတင်ကာ လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။
ချယ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်သမား အေဘရာဟမ်က မန်နေဂျာသစ်အဖြစ် လမ်းပတ် ဝင်ရောက်လာခဲ့ပါက လန်ဒန်ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်နိုင်ကြောင်း သတင်းပေးလာပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချယ်လ်ဆီးအသင်းမှ ပြင်သစ်သား ကွင်းလယ်ကစားသမား ဘာကာယိုကို ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေတယ်လို့ သိရပါတယ်။ ဘာကာယိုကိုက ပြီးခဲ့တဲ့ရာသီ အေစီမီလန်မှာ အငှားထွက် ကစားနေခဲ့သူပါ။
ကိုဗာဆစ်ကို ဆက်ခေါ် မခေါ် ကိစ္စရပ်များကို ဇူလိုင် ၁ ရက် မတိုင်ခင် ပြီးပြတ်အောင် ပြုလုပ်ရမှာ ဖြစ်လို့ ချယ်ဆီး အနေနဲ့ အချိန် ၅ရက် မျှသာ ကျန်ရှိပါတော့တယ်။ အသက် ၂၅ နှစ်အရွယ် ခရိုအေးရှားသားဟာ အင်္ဂလန်မှာသာ ဆက်နေလိုပေမယ့် အနောက် လန်ဒန်ကလပ်ဆီက ဘာသတင်းစကားမှ မကြားရသေးဘဲ ရှိနေပါတယ်။