စပါးအသင်းနဲ့ အပြိုင် အာဆင်နယ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်မှ ကွင်းလယ်ကစားသမား Dani Ceballos ကို ခေါ်ယူဖို့ ပစ်မှတ် ထားလာပါတယ်။ ဒါပေမယ့် ၄င်း အတွက် ရီးရဲလ်က အနည်းဆုံး ပေါင် ၄၅ သန်း ရှိတဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံစဉ်းစားမှာ ဖြစ်ပြီး ကစားသမားကလည်း ရီးရဲလ်မှာ ပျော်ရွှင်နေပါတယ်။

အာာဆင်နယ်မှာ အငှားလာကစားခဲ့ပေမယ့် အောင်မြင်မှု မရတာကြောင့် ဘာစီလိုနာသို့ ပြန်သွားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဒန်းနစ် ဆွာရက်စ်ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီး ၄င်းကို ဆယ်လ်တာ ဗီဂိုအသင်းက အပြီးသတ် ၀ယ်ယူရန် ကမ်းလှမ်းမှု လာမယ့် သီတင်းပတ်များ အတွင်း ပြုလုပ်ဖွယ် ရှိနေပါတယ်။

အူနိုင်းအမ်မရီဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် ကလပ်အသင်း တာဝန်ရှိသူတွေကို မေးမြန်းထားသလို တောင်ပံသမား ဇာဟာအတွက် အသုံးစရိတ် ထုတ်ပေးဖို့ တောင်းခံထားတယ်လို့ သိထားရတယ်။

အာဆင်နယ်ဟာ မာဆေးအသင်းမှ တောင်ပံသမား Florian Thauvin ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယူးကာဆယ် ကစားသမား ဟောင်းကိုတော့ မာဆေးဘက်က ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေကြောင့် ရောင်းထုတ်ရနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ စွန့်စားပြီး တန်ကြေးမြင့်ကစားသမားတွေကို ခေါ်ယူသင့်တယ်လို့ အာဆင်နယ် ဂန္တဝင် ကစားသမားကြီး ရေးပါလာက တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘယ်နောက်ခံလူ ကီရန် တိုင်ယာနီကို နိုင်ငံအသင်းဖော် လီဗာပူးလ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆင်က လန်ဒန်ကလပ်ထံပြောင်းရွှေ့ကစားဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရော်ဘတ်ဆန်က Twitter ကနေ ငြင်းဆန် လိုက်ပါတယ်။

ရက်ဘူး ဆဲဘတ် အသင်းရဲ့ ကွင်းလယ်လူ Dominik Szoboszlai ဟာ ဂျူဗင်တပ်ထံ ထွက်ခွာသွားတဲ့ ရမ်ဆေးရဲ့ နေရာ ကွက်လပ်ကို ဖြည့်ဆည်းဖို့ အာဆင်နယ် စောင့်ကြည့်နေတဲ့ ပစ်မှတ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။