မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှ ပြိုင်ဘက်အသင်း လီဗာပူးက စိတ်ဝင်စားနေတဲ့ ရီးရဲလ်ဘက်တစ် ဘယ်ခံစစ်မှူးကို အပြိုင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။ ဆိုးရှားဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်း အခြေအနေဆိုးများကြောင့် အသင်းကို ပြန်လည် အင်အားဖြည့်တင်းဖို့ ကွန်ယက်များစွာ ဖြန့်ကျက် ဆောင်ရွက်နေပါတယ်။
ဆိုးရှားက ရီးရဲလ်ဘက်တစ် ခံစစ်မှူး လုစ် ဖာပိုက မန်ယူအသင်းအတွက် အသင့်တော်ဆုံး အဖြစ်သတ်မှတ်ထားပေမယ့် စပိန် မာကာသတင်း မှ အဆိုအရ ဖာပိုကို ခေါ်ယူရန် အတော် အားစိုက် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ မန်ယူအသင်းနည်းတူ လီဗာပူးကလည်း ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလား နဲ့ ကပ်လွဲခဲ့ရတာကြောင့် လိုအပ်တဲ့ကစားသမား ဖြည့်တင်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။
ဖာပိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၄၅ သန်း ရှိပြီး စပိန်လာလီဂါကလပ်မှာ ၄င်းတို့ရဲ့ အရည်အသွေးရှိကစားသမား ပရီးမီးယားလိဂ်သို့ တကယ် ပြောင်းရွှေ့မယ်ဆိုရင် ဆက်လက် ထိန်းသိမ်းထားဖို့ မလွယ်ကူပါဘူး။
ဖာပိုရဲ့ ကျန်ရှိတဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ် အထိ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ အသက် ၂၂ နှစ် အရွယ် ခံစစ်မှူး ဖာပိုကို လီဗာပူးနဲ့ အပြိုင် ခေါ်ယူရမှာက စိန်ခေါ်မှုတစ်ခုပါ။
လီဗာပူးအသင်း ဘယ်ခြမ်းမှာ အန်ဒီရော်ဘတ်ဆန် က ပထမဦးစားပေး ကစားသမား ဖြစ်သော်လည်း အရန် ကစားသမား မိုရီနို အသင်းမှ ထွက်ခွာမှာ ဖြစ်တာကြောင့် ဖာပိုမှာ အားကောင်းတဲ့ နောက်ထပ် ရွေးချယ်မှုဖြစ်ပါတယ်။
ဖာပို ဟာ ၂၀၁၇-၁၈ ခုနှစ်ဘောလုံးရာသီမှ ရီးရဲလ်ဘက်တစ်အသင်းနဲ့ စတင်ကစားကာ အဓိက ကစားသမားတစ်ယောက် ဖြစ်လာသူပါ။ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ၂၄ ပွဲကစားထားပြီး နောက် ၃ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။ ဖာပိုဟာ စပိန် U23 လက်ရွေးစင် နဲ့ အတူ ဥရောပ U23 ချန်ပီယံရှစ်ကစားနေပါတယ်။