တော်ရဲရားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ကစားသမားဟာ အာဆင်နယ်ကနေ ထွက်ခွာမယ့် သတင်းများ မမှန်ကန်ကြောင်းနဲ့ အင်္ဂလန်ရဲ့ ရာသီဥတုကြောင့် အသင်းပြောင်းမယ်ဆိုတာ အဓိပ္ပါယ် မရှိတဲ့ မှန်းဆချက်တွေလို့ ပယ်ချသွားပါတယ်။
ဥရုဂွေး ကွင်းလယ်လူ တော်ရဲရားဟာ အေစီမီလန်ရဲ့ ထိပ်တန်းပစ်မှတ်ထဲ ပါဝင်နေပြီး သူကိုယ်တိုင်လည်း လန်ဒန်မှာ အသားမကျပေမယ့်လို့ အာဆင်နယ်ကို စွန့်ခွာဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဆဲလ်တစ် ခံစစ်မှူး တီရာနေးအတွက် ပေါင် ၁၅ သန်းနဲ့ ကနဦး ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ပေါင် ၁၈ သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဆဲလ်တစ် ခံစစ်မှူး တီရာနေးဟာ မွန်ရီရယ်ထက် အများကြီး ပိုကောင်းတဲ့ ကစားသမား ဖြစ်ပြီး ထိုက်တန်တဲ့ ခေါ်ယူမှု ဖြစ်မယ်လို့ စကော့တလန် ကြယ်ပွင့်ဟောင်း Kevin Gallacher က ထုတ်ဖော်ပြောကြားသွားပါတယ်။
အာဆင်နယ် ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ဘာစီလိုနာ ခံစစ်မှူး အမ်တီတီက နူးကမ့်မှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားတွေ ရင်ဆိုင် နေရသော်လည်း ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး အသင်းမှာ ဆက်လက် နေခွင့်ရဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ တိုရီနို နောက်ခံလူ အီတလီသား အာမန်ဒို အစ်ဇိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ စတင် ကမ်းလှမ်းတော့မယ် လို့ သိရပါတယ်။ ။