မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်လို့ လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်သွားတော့မှာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးအတွက် မန်ယူက ကနဦး ပေါင် ၄၅ သန်းပေးရမှာဖြစ်ကာ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ၅ သန်း ပေးရမှာဖြစ်ပါတယ်။ မန်ယူဟာ ကစားသမားနဲ့ လုပ်ခပိုင်းအတွက်ပါ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
ဝမ်ဘစ်ဆာကာကို ဆေးစစ်ဖို့ အချိန်သက်မှတ်ကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်တယ်။ လက်ရွေးစင်တာဝန်အပြီး အီတလီကနေ ပြန်လာရတော့မယ့် အင်္ဂလန်လူငယ်လေးဟာ ကလပ်အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို လာရောက်ပြီး ဆေးစစ်မှူး ခံယူမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၃၈ ပွဲမှာ ၅၄ ဂိုးထိ ပေးထားခဲ့ရတာကြောင့် မန်နေဂျာ ဆိုးရှားက ၄င်းရဲ့ ပထမဆုံး ရာသီပြည့် ကိုင်တွယ်ရမယ့် အချိန်မှာ ထိပ်တန်း ညာခြမ်းခံစစ်သမား တစ်ဦး အင်အားဖြည့်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။
မန်နေဂျာဆိုးရှားဟာ နွေအပြောင်းအရွှေ့မှာ ဂျိမ်းကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်လို့ ဘစ်ဆာကာဟာ ဒုတိယမြောက် ခေါ်ယူမှုဖြစ်လာပါတယ်။