Liverpool – Van den Berg

လီဗာပူးအသင်းဟာ နယ်သာလန် ဆယ်ကျော်သက်ကြယ်ပွင့်လေး ဗန်ဒန်ဗယ်ရာကို ခေါ်ယူဖို့ရာ သဘောတူညီမှု ရထားခဲ့ပြီဖြစ်တယ်။ မနှစ်ကရာသီ နယ်သာလန် အဆင့်မြင့်တန်းကလပ် PEC Zwolle အသင်းမှာ ပွဲထွက်ခွင့် ၂၂ ကြိမ် ရခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ခံစစ်မှူးကို လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင် ၁.၅ သန်းနဲ့ အပြီးသတ် သဘောတူညီထားတာဖြစ်တယ်။ လီဗာပူးဘက်က ၂၄ နာရီအတွင်း ဆေးစစ်ဖို့ ပြင်ဆင်ထားပါတယ်။

Tottenham – Jack Clarke

စပါးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ပထမဆုံးခေါ်ယူမှုအဖြစ် ချန်ပီယံရှစ်ကလပ် လိဒ်အသင်းမှ တောင်ပံတိုက်စစ်သမား ဂျက်ကလပ်ခ်ကို ခေါ်ယူဖို့ရာ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ မကြာခင် ဆေးစစ်ဖို့ ရောက်လာတော့မယ့် အသက် ၁၈ နှစ်အရွယ် တောင်ပံလူကို ပေါင် ၁၀ သန်းပေးဖို့ စပါးဘက်က သဘောတူညီလိုက်တာဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ထပ်တိုးပေးရမယ့် ပြေင်းရွှေ့ကြေးတွေ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

Man Utd – Aaron Wan-Bissaka

မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်လို့ လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်မယ်လို့ သိရပါတယ်။ ချွင်းချက်တစ်ခုကတော့ ပဲလေစ့်က မီးစိမ်းပြခဲ့ခြင်းမဟုတ်ပဲ နောက်ဆုံး အတည်ပြုချက်ကို ပေးဖို့ လိုအပ်နေလို့ ၄၈ နာရီထိလည်း ကြာသွားနိုင်ပါတယ်။

အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ခံစစ်မှူးအတွက် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်းနဲ့ သဘောတူညီမှု ရခဲ့တာပါ။ ကနဦးမှာ သတင်းထွက်ထားသလို စံချိန်တင် ပြောင်းရွှေ့ကြေး မဟုတ်ပဲ ကနဦး ပေါင် ၄၅ သန်းပေးရမှာဖြစ်ကာ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ၅ သန်း ပေးရမှာဖြစ်ပါတယ်။