ယူနိုက်တက်နောက်ခံလူဟောင်း ဟစ်ဂင်ဘော်တန်ဟာ ဘီဆာကာကို ခေါ်ယူနိုင်မှုအပေါ် ၀မ်းသာပျော်ရွင်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါ ခေါ်ယူမှုဟာ ပြီးခဲ့တဲ့ ငါးနှစ်တာ အတွင်း လိုအပ်နေခဲ့တဲ့ အသင်းရဲ့ ကွက်လပ်တစ်ခုကို ဖြည့်နိုင်ခဲ့တာလို့ သူကပြောဆိုလိုက်ပါတယ်။

မန်ယူရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဝိန်းရွန်းနီ ကလပ်အသင်းရဲ့ တန်ဖိုးကြီး ခေါ်ယူမှုဖြစ်လာမယ့် ညာအစွန်လူ ဘစ်ဆာကာကို အိုထရတ်ဖိုဒ့်ရဲ့ ကြီးမားတဲ့ ဓလေ့ထုံးစံတွေကို နှစ်သက်စွာ ပွေ့ဖက်ပြီး ကလပ်အသင်းအတွက် ဘယ်လို ပြိုင်ပွဲတွေမှာမဆို အကြောက်တရားမရှိ ရဲရင့်စွာ ကစားပေးပါဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူတို့ဟာ ပြင်သစ်လူငယ်လေး ရေယန် ချာကီရဲ့ စာချူပ်အတွက် ပြိုင်ဆိုင်နေကြပြီး ဆယ်ကျော်သက် ပါရမီရှင်လေးကို စည်းရုံးနိုင်ဖို့ အသဲအသန် ကြိုးစားနေကြပါတယ်။

ဒန်နီယယ်ဂျိမ်းနဲ့ ဘီဆာကာတို့ကို ဂျူလိုင်လမတိုင်မှီ အားဖြည့်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူနိုက်တက်ဟာ ပိုမိုတောင့်တင်းလာတော့မှာပါ။ ဒါပေမယ့် တခြားထိပ်သီးအသင်းတွေက ကစားသမားခေါ်ယူမှုတွေ မပြုရသေးတဲ့အတွက် ပရိတ်သတ်အချို့ကတော့ စိုးရိမ်မှုတွေ ရှိနေဆဲပါပဲ။

မန်ယူအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဟာ ကလပ်အသင်း အကျိုးအမြတ်တွေကနေ ပေါင် ၁ ဘီလီယံကို ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ဒီအချိန်မှာ မန်စီးတီးပိုင်ရှင်တွေက ၄င်းတို့အသင်းအတွက် အပြောင်းအရွှေ့မှာ ပေါင် ၁ ဘီလီယံ ရင်းနှီးမြုပ်နှံထားပါတယ်။

အပြောင်းအရွေ့ကာလတွေအတွက် သီတင်းပတ် (၆) ပတ်လောက်သာ ကျန်ရှိတော့တဲ့အတွက် မန်ယူဟာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ပိုမိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်တော့မှာပါ။ သူတို့ဟာ ဘရူနိုဖာနန်ဒက်နဲ့ လောင်းစတက်ကို ထပ်မံခေါ်ယူလိုနေပါသေးတယ်။

(၂၀၁၃) ခုနှစ်မှာ ယူနိုက်တက်နဲ့ (၆) နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ နည်းပြဟောင်း မိုရက်စ်ဟာ အသင်းမှာသာ ဆက်ရှိနေခဲ့ပါက သူ့ရဲ့စာချုပ်သက်တမ်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကုန်ဆုံးမှာပါ။ ဒါပေမယ့် သူဟာ အသင်းမှာ (၁) ရာသီသာ နေသွားခဲ့ရပါတယ်။

မန်ယူ ကစားသမားသစ် ဖြစ်လာတော့မယ့် ၀မ်ဘီဆာကာဟာ အသင်းကို ရောက်နေပြီဖြစ်ပြီး ဆေးစစ်မှုတွေကို မကြာခင်မှာ ပြုလုပ်သွားတော့မယ်လို့ သိရှိရပါတယ်။ ဆိုးရှားရဲ့ ဒုတိယမြောက် အားဖြည့်မှုကတော့ တကယ့်ကို ဖြစ်မြောက်လာပါတော့မယ်။

မန်ယူဟာ ဘာစီလိုနာအသင်း ခံစစ်သမား အမ်တီတီအတွက် စုံးစမ်းမှုတွေ စတင်ထားခဲ့ပါတယ်။ အခြားသော ရှေ့ဆက်နိုင်တဲ့ သတင်းတွေကို မသိရသေးပါဘူး။

ပဲလေစ့်ဟာ တိုက်စစ်မှူး ဇာဟာကို မန်ယူကနေ ခေါ်ယူခဲ့စဉ်က ပြန်လည်ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀% အား ဘစ်ဆာကာ အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသအဖြစ် လျော့ချဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူဘက်က သဘောတူညီမှု မလုပ်ပေးခဲ့ပါဘူး။