စီးရီးအေကလပ်​ ဂျူဗင်​တပ်​အသင်းဟာ နည်းပြမော်​ရီဇီရိုဆာရီရဲ့ တပည့်​ရင်းဖြစ်​သူ တိုက်​စစ်​မှူး ဟီဂွာရင်​ကို သင့်​တော်​တဲ့ ကမ်းလှမ်းမှုတွေနဲ့ ရောင်းချနိုင်​ဖို့ မျှော်​လင့်​နေပါတယ်​။

ဟီဂွာရင်​နှင့်​ ဂျူဗင်​တပ်​စ်​တို့ဟာ ၂၀၂၁ ခုနှစ်​အထိ ဆက်ရှိနေမယ့် စာချုပ်​သက်​တမ်း ၃ နှစ်​ ကျန်ရှိနေပါတယ်။ ဟီဂွာရင်​ကို တရုတ်​အသင်းတွေထံ ရောင်းချဖို့ ယခင်​က ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်​ အာဂျင်​တီးနားတိုက်​စစ်​မှူးက အာရှကို ပြောင်းရွှေ့ဖို့ ငြင်းဆန်​ထားခဲ့ပါတယ်​။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ပထမရာသီဝက်မှာ ဟီဂွာအင်ဟာ အေစီမီလန်​အသင်းကို အငှားသွားရောက်​ကစားခဲ့ပြီး ၂၂ ပွဲမှာ ၈ ဂိုး ရယူနိုင်​ခဲ့ပါတယ်​။ ဒုတိယရာသီဝက်မှာတော့ ချယ်ဆီးအသင်းထံ ပြောင်းခဲ့ပြီး ၁၈ ပွဲကစား ၅ ဂိုး သွင်းယူနိုင်​ခဲ့ပါတယ်​။

ဟီဂွာအင်​ဟာ တူရင်​မြေကို နောက်​တစ်​ကြိမ်​ ခြေချခွင့်ရဖို့ အခွင့်​အရေး အနည်းငယ်​သာရှိတော့ပြီး အသက်​ ၃၁ နှစ်​အရွယ်​ အာဂျင်​တီးနားတိုက်​စစ်​မှူးအတွက် ဥရောပကလပ်​တွေဆီက စိတ်ဝင်စားစွာ ကမ်းလှမ်းလာမှုတွေကို ရရှိဦးမယ်​လို့ စီးရီးအေ ချန်ပီယံက ယုံကြည်​နေတာဖြစ်​တယ်​။

ဂျူဗင်တပ်ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ သေချာနေတဲ့နောက် ဟီဂွာရင်အတွက် ပေးချေနေရတဲ့ မြင့်မားတဲ့ လုပ်ခကို လျော့ချနိုင်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။