ဘာစီလိုနာဟာ မန်ယူရဲ့ အဓိက ခံစစ်သမား လင်ဒီအော့ကို ခေါ်ယူနိုင်ဖို့ရာ ပြောင်းရွှေ့ကြေး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းဘက်ကတော့ ငြင်းဆန်မှုနဲ့ပဲ တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စပိန်ကလပ်ဘက်က လင်ဒီအော့အတွက် ဈေးစုံစမ်းမှုကို ကနေဦး လှုပ်ရှားမှုအဖြစ် စတင်ခဲ့တာဖြစ်ပြီး မန်ယူဘက်ကလည်း ရောင်းရန်မဟုတ်ဆိုကာ ငြင်းဆန်ခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ရာသီက ဘင်ဖီကာကနေ ပေါင် ၃၁ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဆွီဒင်လက်ရွေးစင်ဟာ မနှစ်ကရာသီအတွင်း အလားအလာကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။
မန်နေဂျာဗယ်ဗာဒီဟာ မနှစ်ကရာသီ ချန်ပီယံလိဂ်မှာ တွေ့ဆုံစဉ် လင်ဒီအော့ရဲ့ ခြေစွမ်းကို အထင်ကြီးခဲ့တာဖြစ်ပြီး ပေါ်တူဂီလိဂ် ကစားသမားဟောင်းရဲ့ အကြောင်းကို အသင်းဖော်ဟောင်း ဆမ်မီဒိုထံက သတင်းမေးမှုတွေလည်း လုပ်ခဲ့သေးတာဖြစ်တယ်။
ကနဦးမှာတော့ မန်နေဂျာဗယ်ဗာဒီဟာ ခံစစ်ကို အားဖြည့်ဖို့ အေဂျက်အသင်းမှ ဗဟိုခံစစ်သမား ဒီလစ်ကို ခေါ်ယူလိုခဲ့တာပါ။ ဒါပေမယ့် ကစားသမားက စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွှေးချယ်ခဲ့တဲ့နောက် နောက်ထပ် ခံစစ်သမားကောင်းတွေကို ရှာဖွေရာက လင်ဒီအော့ကို မျက်စိကျလာခဲ့တာဖြစ်ပါတယ်။
မန်ယူဘက်ကတော့ လင်ဒီအော့ကို လုံးဝ ရောင်းထုတ်မှာမဟုတ်ပဲ လာလီဂါ အင်အားကြီးအသင်းရဲ့ ကြိုးစားမှုမှန်သမျှကို ပယ်ချမယ့်သဘော တုန့်ပြန်ခဲ့တယ်။ မန်ယူကိုယ်တိုင်ကလည်း ဆွစ်လက်ရွေးစင်နဲ့ တွဲဘက်ပေးဖို့ရာ ခံစစ်မှူးသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။