ချယ်ဆီးနည်းပြဟောင်း ဖြစ်တဲ့ ရောဘတ်တို ဒီမတ်တီယိုက လမ်းပတ်ဟာ ကလပ်နဲ့ ကောင်းကောင်း အံဝင်လိမ့်မယ်လို့ ထင်နေပြီး အတွေ့အကြုံ နည်းနည်းနဲ့ လူတစ်ယောက် အတွက် ဒီအလုပ်က တာဝန်ကြီးလွန်းတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။
ချယ်ဆီးအသင်းရဲ့ တစ်လုံးတည်းသော ချန်ပီယံလိဂ် ဖလားကို အောင်နိုင်ခဲ့တဲ့ ဒီမတ်တီယိုကတော့ ဝေဖန်မှုတွေကို အကေငာ်းဆုံး တုန့်ပြန်လိုက်ပြီး ကလပ်အသင်း ရာထူးအတွက် လမ်းပတ်က သေချာပေါက် သင့်တော်တဲ့ သူပါလို့ အီတလီသားကြီးက ဆိုပါတယ်။
ချယ်ဆီးမန်နေဂျာသစ်အတွက် လမ်းပတ်ကို ခန့်အပ်ဖို့နဲ့ ပက်သက်ပြီး ဒီမတ်တီယိုက – ” မနှစ်က ဒါဘီကို ကျနော် စောင့်ကြည့်ခဲ့တယ်။ သူ့အသင်းက ကောင်းကောင်းကစားနိုင်သားပဲ။ ကမ္ဘာပေါ်က အတွေ့အကြုံ အားလုံး သူရခဲ့တယ်။ ချယ်ဆီးနဲ့ သူက ကောင်းကောင်း သင့်တော်ပါတယ်။ ”
” မှန်လား မမှန်လားဆိုတာ အချိန်ကပဲ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သူ့ကို တာဝန်ပေးဖို့ စောလွန်းနေသေးတယ်လို့ ပြောနိုင်ပေမယ့် အခွင့်အရေး ပေးဖို့တော့ လိုတယ်လေ။ ဖရန့်မှာ လိုအပ်တဲ့ အရည်အသွေးတွေ အားလုံး ရှိတယ်။ သူက နောက်ထပ် နည်းပြသစ် ဖြစ်ခဲ့ရင် လူများစွာကို ပျော်အောင် လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ” လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ်ဟာ ချယ်ဆီးအသင်း နည်းပြသစ် ဖြစ်လာဖို့ အလွန်ကို နီးစပ်နေပြီး အသင်းဖော်ဟောင်းတွေရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။