မန်ချက်စတာ ယူနိုက်တက်က ဒီနွေမှာ ရောင်းထုတ်ဖို့ ပြင်ဆင်ထားတဲ့ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး လူကာကူကို သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ မလုပ်နိုင်ခြင်းကြောင့် ၂ နှစ် အငှား ခေါ်ယူဖို့ ကမ်းလှမ်းရန် ပြင်ဆင်လာခဲ့တာပါ။
မန်ယူဘက်ကတော့ လူကာကူအတွက် ခေါ်ယူစဉ် ပေးချေရမယ့် ပြောင်းရွှေ့ကြေးထိ ပြန်ရဖို့ မျှော်မှန်းထားခဲ့တာပါ။ ဒါပေမယ့် အင်တာမီလန်ဘက်က အဆိုပါ ပြောင်းရွှေ့ကြေးကို မပေးနိုင်ပဲ ပေါင် ၉ သန်းနဲ့ အငှားခေါ်ယူဖို့အပြင် ပေါင် ၅၄ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ကမ်းလှမ်းလာခဲ့ပါတယ်။
အင်္ဂါနေ့တုန်းက မီလန်မြို့မှာ လူကာကူရဲ့အေးဂျင့်နဲ့ အင်တာမီလန်အသင်း တာဝန်ရှိသူတွေစ ကားပြောမှု ပြုလုပ်ခဲ့ပြီး စီးရီးအေကလပ်ဘက်ကတော့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ဖို့ ကမ်းလှမ်းမှုတွေ လုပ်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
အင်တာမီလန်ဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ညိနှိုင်းသဘောတူညီမှု အောက်ကနေ ဇွန်လ ၃၀ ရက်မှ လွှတ်မြောက်မှာဖြစ်တယ်။ ဒါကြောင့် အဆိုပါ ရက်မတိုင်ခင် လူကာကူ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်ဖို့ လောနေခြင်း မရှိတာဖြစ်ပါတယ်။
လူကာကူဟာ မန်ယူထံ အဲဗာတန်ကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပြီး ၉၆ ပွဲ ကစားပြီးချိန်မှာ ၄၂ ဂိုး သွင်းယူထားပါတယ်။