ချယ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို ပေါင် သန်း ၄၀ နဲ့ အပြီးသတ် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်သို့ ရောက်သွားပြီ ဖြစ်တဲ့ ချယ်ဆီးနည်းပြဟောင်း ဆာရီရဲ့ ဆေးလိပ်သောက်ကြမ်းချက်ကတော့ ကြားရသူအပေါင်း ပါးစပ် အဟောင်းသား ဖြစ်သွားပါမယ်။ ဆာရီက သူ တစ်နေ့ ဆေးလိပ် အလိပ် ၆၀ လောက် သောက်ဖြစ်တယ်လို့ ဖွင့်ဟ ၀န်ခံမှု ပြုလုပ်သွားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ ချယ်ဆီးအသင်းနဲ့ ရှိစဉ်က ပရီးမီးယားလိဂ်ပွဲတွေမှာ ကွင်းအတွင်း ဆေးလိပ်သောက်ခြင်း တားမြစ် ထားတာကြောင့် ဆာရီ ရှောင်ရှားခဲ့ရပါတယ်။ ဆာရီ ရောက်စက ချယ်ဆီးအသင်းဟာ စတန်းဖို့ဘရစ်ခ်ျမှာ ဆေးလိပ်သောက်ခန်း ပါ ပြုလုပ်ပေးထားရပြီး သူ့အတွက် နေရာပေးထားခဲ့ရပါတယ်။
ဆာရီရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့တဲ့ ဇိုလာဟာ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာတော့မှာ ဖြစ်ပြီး ချယ်ဆီးအသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ သံတမန် ရာထူးကို ပယ်ချခဲ့ပါတယ်။ ဇိုလာက နည်းပြ အဖြစ် တာဝန်ယူနိုင်မယ့် အသင်း ရှာဖွေနေပါတယ်။
ချယ်ဆီး အကယ်ဒမီမှ လူငယ်ခံစစ်မှူး ရစ်ချက်နာတေး ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ဘာတန် အသင်းမှာ အငှား သွားရောက် ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်ထံမှ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို ယူရို သန်း ၅၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မှာ ဖြစ်ကာ စနေနေ့မှာ လက်မှတ်ထိုးတော့မှာ ဖြစ်ပါတယ်။
ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းထံ ပြန်လာဖို့ အမှန်ကန်ဆုံး အချိန်မှာ ပြန်ရောက်လာတာ ဖြစ်ပြီး ချယ်ဆီးအသင်းအတွက် လမ်းပတ်ထက် ပိုသင့်တော်သူ မရှိသလို လူငယ်ကစားသမားတွေ အတွက် ခေတ်သစ် တစ်ခု စတင်တော့မှာ ဖြစ်ကြောင်း ဂျွန်တယ်ရီက ထောက်ခံစကား ဆိုလိုက်ပါတယ်။
ဘရစ္စတိုးလ် စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းထံမှ အင်္ဂလန် ယူ-၂၁ ခံစစ်မှူး ဂျေး ဒါဆေးလ်ဗာကို ၄ နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။ ဒါဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရစ္စတိုးလ်မှာ အငှား သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့သူပါ။