မန်ယူရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဝိန်းရွန်းနီ ကလပ်အသင်းရဲ့ တန်ဖိုးကြီး ခေါ်ယူမှုဖြစ်လာမယ့် ညာအစွန်လူ ဘစ်ဆာကာကို ထူးထူးခြားခြား မှာတမ်းချွေမှု ပြုလုပ်သွားခဲ့ပါတယ်။

ဝိန်းရွန်းနီက ဘစ်ဆာကာကို အိုထရတ်ဖိုဒ့်ရဲ့ ကြီးမားတဲ့ ဓလေ့ထုံးစံတွေကို နှစ်သက်စွာ ပွေ့ဖက်ပြီး ကလပ်အသင်းအတွက် ဘယ်လို ပြိုင်ပွဲတွေမှာမဆို အကြောက်တရားမရှိ ရဲရင့်စွာ ကစားပေးပါဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရွန်းနီက ” ဘစ်ဆာကာက မန်ချက်စတာမှာ ပျော်ရွှင်သင့်ပြီး အကြောက်တရားကင်းစွာ ကစားနိုင်သင့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဆိုတာ အံ့မခန်းတဲ့ ကလပ်အသင်းပါ။ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ်လည်း ပါဝင်ပါတယ်။

ဒါကို ဘစ်ဆာကာအနေနဲ့ ပွေ့ဖက်နိုင်ဖို့နဲ့ ကလပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစဉ်အလာ ဓလေ့ထုံးစံကို သင်ယူနိုင်ဖို့ လိုပါတယ်။ အကောင်းဆုံးတွေ ကြိုးစားပြနိုင်မယ်ဆိုရင် သူအတွက် အစစ အရာရာ အဆင်ပြေပါလိမ့်မယ်။ နည်းပြတွေကလည်း အကောင်းဆုံး ညွှန်ကြားပေးမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

မန်ယူကို အသက်ငယ်ငယ်မှာတင် ပြောင်းလာခဲ့ပြီး မန်ယူအသင်းသမိုင်းမှာ စံချိန်တင် ဂိုးသွင်းရှင် ဖြစ်လာခဲ့တဲ့ ရွန်းနီဟာ ဘစ်ဆာကာကို သရဲနီစိတ်ဓါတ် သွင်းပေးနိုင်ဖို့ ထောက်ခံမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။