တရုတ်အမျိုးသားများ အတွက် အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားအလိုရှိ ကြောင်းကြော်ငြာစာရွက်များကို တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ် မြို့ပေါ်ရှိ လူစည်ကားရာနေရာ များတွင် လာကပ်ထား၍ မြို့ခံ များဒေါသထွက်နေပြီး ယင်းစာ ရွက်များကို ဒီဇင်ဘာ ၁၀ ရက် က လိုက်လံဆုတ်ဖြဲခဲ့ကြသည်။

မည်သူက လာကပ်သည် မသိသေးသော အဆိုပါကြော်ငြာ စာရွက်များကို မူဆယ်မြို့လယ် ကောင်ရှိ နာရီစင်ပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ဟို မွန်ရပ်ကွက်၊ မြောက်ရပ်ကွက်တို့ ရှိ ဓာတ်တိုင်များနှင့် လမ်းဘေးနေ အိမ်အချို့၏ အုတ်နံရံနေရာများ တွင် ကပ်ထားခြင်းဖြစ်သည်။

‘‘တော်တော် မိုက်ရိုင်းတဲ့ လုပ်ရပ်ဗျာ။ ကျွန်တော်တို့ နိုင်ငံ ပိုင်နက်ထဲဝင်ပြီး အခုလိုလုပ် တာ။ တရုတ်ပြည်ထဲအဲဒီလိုကပ် ကြည့်ပါလား။ အစအနတောင် ပျောက်သွားဦးမယ်’’ ဟု ယင်း ကြော်ငြာစာရွက်များကို လိုက်လံ ဆုတ်ဖြဲခဲ့သော မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးသောင်းထွန်းက ပြော သည်။

တရုတ်ပြည် ကွမ်ကျိုးမြို့ တွင် နေထိုင်ရမည်ဖြစ်ပြီး မျိုး အောင်ပြီးသောမျိုးစေ့ကို ကိုယ် ၀န်ဆောင်မည့်သူ၏ သားအိမ်အ တွင်းထည့်၍ ၁၀ လကိုယ်ဝန် လွယ်ရမည်ဖြစ်ကာ တစ်လလျှင် ယွမ်ငွေတစ်သောင်းသုံးထောင် ပေးမည်ဟု ကြေငြာစာတွင် ရေးသားထားသည်။ အသက် (၃၅) နှစ်အောက်နှင့် ကူးစက်ရော ဂါမရှိဘဲ ကျန်းမာရေးကောင်းမွန် ရမည်ဖြစ်ကာ ရုပ်ရည်၊ ပညာအ ရည်အချင်းကန့်သတ်မထားဟု ပါရှိသည်။ ယွမ် တစ်သောင်းသုံး ထောင်သည် မြန်မာငွေကျပ် ၂၃ သိန်း ခန့်တန်ကြေးရှိပြီး ၁၀ လဆိုပါက သိန်း ၂၃၀ ကျော်ပေးမည်ဟု ကမ်းလှမ်းထားရာ အယုံလွယ် သော မိန်းကလေးများက ယင်းအ လုပ်များ သွားရောက်လုပ်ကိုင် မည်ကို စိုးရိမ်ကြောင်းမူဆယ်မြို့ ခံများကပြောသည်။

‘‘ကြော်ငြာစာရွက်မှာ ဖုန်း နံပါတ်တွေ၊ We Chat နံပါတ် တွေပါတယ်။ ပြည့်တန်ဆာကို ခေါ်သလိုပဲ။ မကျေနပ်ဘူးဗျာ။ တရုတ်ပြည်ထဲကျွန်တော်တို့ဝင် ပြီးသူ့လူမျိုးမိန်းကလေးတွေကို အဲဒီလိုကြော်ငြာပြီး ခေါ်ရင်ရမ လား’’ ဟု ဦးသောင်းထွန်းက ဒေါသတကြီးပြောသည်။ ကြော် ငြာပါဖုန်းနံပါတ်သို့ 7 Day Daily က ဆက်သွယ်ကြည့်ရာ တရုတ်နိုင်ငံသားအချို့က ဖုန်းကိုင်ဖြေဆို သည်။

မူဆယ်မြို့ခံအချို့က ယင်း ကြော်ငြာစာရွက်များကိုလိုက်လံ ဆုတ်ဖြဲခဲ့ရာ စာရွက်ကပ် ထားသည့် ကော်သည် အလွန် ကောင်းပြီး ခက်ခက်ခဲခဲခွာယူရ သည်ဟု ဆိုသည်။

တရုတ်မယားအဖြစ်ရောင်း စားခံရခြင်းအပါအ၀င် တရုတ် နိုင်ငံနှင့် လူကုန်ကူးမှုပုံစံအမျိုး မျိုးရှိသည့်အနက် အငှားကိုယ် ၀န်ဆောင်သည့် နည်းဖြင့်လူကုန် ကူးသည့် ပုံစံသစ်တစ်ခု ပေါ် ပေါက်နေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စက်တင် ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သော လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ပြောကြားခဲ့ သည်။ ယခင်ကနယ်စပ်နေရာအ ချို့တွင် ကြော်ငြာခဲ့ခြင်း ရှိသော် လည်း ယခုကဲ့သို့မြို့လယ်ကောင် တွင်စာရွက်အမြောက်အမြားဖြင့် လာရောက်ကြော်ငြာခြင်းမျိုး မ ကြုံဖူးဘဲ မူးယစ်ဆေးသုံးစွဲသူများ ကိုငွေပေး၍ ကပ်ခိုင်းခြင်းဖြစ် နိုင်ကြောင်း မူဆယ်မြို့ခံအချို့က ပြောကြားသည်းကို 7 Days သတင်းမှာ ဖော်ပြထားပါသည်။