မန်ယူဟာ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်ကို ဒီနွေမှာပဲ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံကာ ပေါင် ၇၀ သန်းတန် ညိနှိုင်းမှုကို လုပ်ဆောင်နေပြီလို့ ပေါ်တူဂီ သတင်းဌာနတွေက သတင်း ထုတ်ပြန်လာပါတယ်။
ဘစ်ဆာကာကို ဆေးစစ်ဖို့ပဲ ကျန်တော့တဲ့နောက် နောက်ထပ် ခေါ်ယူမှုအဖြစ် မနှစ်ကရာသီမှာ ပေါ်တူဂီအသင်းအတွက် ၅၃ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု စုစုပေါင်း အကြိမ် ၅၀ ပြုလုပ်ပေးနိုင်တဲ့ ဖာနန်ဒက်စ်ကို လက်မှတ်ထိုးဖို့ မန်ယူဘက်က အမြန်ဆုံး လုပ်ဆောင်နေပါတယ်။
မန်စီးတီးနဲ့ စပါးကလည်း ပေါ်တူဂီသားကို ရဖို့ ကြိုးစားခဲ့ပြီး စပါးဘက်က ဈေးဝင်ပေးမှုကိုပါ ပြုလုပ်ထားလို့ ပေါ်တူဂီသားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၆၀ လောက်နဲ့ ရဖို့ ခက်ခဲခဲ့ပေမယ့် ယခင် အပြောင်းအရွှေ့တွေအတိုင်း မန်ယူဘက်ကတော့ ဈေးဆစ်မှုတွေ ပြုလုပ်သွားဦးမှာဖြစ်တယ်။
ပေါ်တူဂီ ကစားသမားရဲ့ အေးဂျင့်ဟာ အနာဂတ်ကိစ္စ ဆွေးနွေးဖို့ရာ လန်ဒန်မြို့ကို ရောက်လာခဲ့ဖူးပြီး ညိနှိုင်းမှုတွေ လုပ်ခဲ့သေးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ ဒါကြောင့် မန်ယူဘက်ကတော့ ပြိုင်ဘက်မပါတဲ့ အနေအထားမှာ စိတ်ကြိုက် ဈေးညိဖို့ ကြိုးစားသွားမှာဖြစ်တယ်။
ဈေးကွက် အစောပိုင်းကာလတုန်းက ပရီးမီးယားလိဂ်ကလပ်တွေ အပြောင်းအရွှေ့ အပြိုင်ကမ်းလှမ်းမှု မလုပ်ရင် ဖာနန်ဒက်စ်ကို ပေါင် ၄၅ သန်းထဲနဲ့ ရဖို့ထိ ရှိခဲ့သေးတာ ဖြစ်ပါတယ်။