ဝမ်​ဘစ်​ဆာကာဟာ ကာရင်​တန်​ ​လေ့ကျင့်​​ရေးကွင်းမှာ ​ဆေးစစ်​မှုတွေအတွက် လုပ်ဆောင်ခဲ့ပြီးရင်​ ကာလရှည် စာချုပ်နဲ့အတူ မန်​ယူနဲ့ အပြီးသတ် လက်​မှတ်​ ​ရေးထိုး​သွားတော့မှာ ဖြစ်​ပါတယ်။

အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးအတွက် မန်ယူက ကနဦး ပေါင် ၄၅ သန်းပေးရမှာဖြစ်ကာ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ၅ သန်း ပေးရမှာဖြစ်ပါတယ်။ မန်ယူဟာ ကစားသမားနဲ့ လုပ်ခပိုင်းအတွက်ပါ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

မန်ယူကစားသမားသစ် ဖြစ်လာတော့မယ့် ဘစ်ဆာကာက ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အကြောင်း ဖြေဆိုမှု လုပ်ပေးရာမှာတော့

“ အီဒင်​ဟာဇက်​ဟာ ကျနော်အတွက်​ အခက်​ခဲဆုံး ပြိုင်​ဘက်​ပါပဲ။ သူ့ရဲ့ ကစားဟန်​ကို ကြိုတင်ခန့်မှန်းလို့ မရဘူးလို့ မပြောလိုပေမယ့် သူဟာ အ​တော်​ အလုပ်​ရှုပ်​​စေသူပါ။ ​ဘောလုံးကို ကျွမ်းကျင်​စွာ ကိုင်ကစားနိုင်​သလို ဘောလုံး မပါချိန်တွေမှာလည်း သူ့ရဲ့ ​ရွေ့လျားမှု​တွေက အရမ်း ​ကောင်းပါတယ်​။

ဟာဇက်က ဘောလုံးဖြန့်​​ဝေမှု​တွေလည်း အကောင်းဆုံး လုပ်နိုင်တယ်။ ကျနော်ဘက်ခြမ်းကနေ တိုက်ရိုက် ထိုးဖောက်ခြင်း မလုပ်ရင်တောင် နေရာကနေ လွဲချော်စေပြီး အခြားသော အသင်းဖော်တွေကို နေရာလွတ်ရအောင် လုပ်ပေးနိုင်ပါတယ်။ သူက အရမ်းကို ပါးနပ်သူဖြစ်ပြီး အများကြီး သင်ယူခဲ့ရပါတယ် ” လို့ ရှင်းပြသွားပါတယ်။