မန်ယူအသင်းဟာ ခံစစ်မှူးသစ်ကို ဈေးကွက်အတွင်း ရှာဖွေလာခဲ့ရင်းက ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး အမ်တီတီကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနေပြီ ဈေးစုံစမ်းမှုကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၆ နွေအပြောင်းအရွှေ့မှာ လိုင်ယွန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ပြင်သစ်သားဟာ မနှစ်ကရာသီမှာ ကြံ့ခိုင်မှုအရ ပွဲထွက်ခွင့်တွေ ဆုံးရှူံးခဲ့သူဖြစ်ပါတယ်။ သူက လက်ရှိ အနေအထားကို စိတ်ပျက်နေပြီး အသင်းပြောင်းလိုကြောင်း သတင်းတွေ ထွက်ပေါ်ထားပါသေးတယ်။
မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်အားဖြည့်ဖို့ ဦးစားပေးတွေအဖြစ် နာပိုလီမှ ကူလီဘာလီနဲ့ လက်စတာမှ မက်ဂွဲရားတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင် သန်း ၁၀၀ နဲ့ ပေါင် သန်း ၈၀ တောင်းဆိုခံရမှုတွေ ရှိခဲ့သလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လုပ်ခလစာ တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။
မန်ယူဟာ ဒီနွေမှာ အဓိက ချိန်ရွယ်နေတဲ့ ခံစစ်ကစားသမားတွေကို ခေါ်ယူဖို့ မအောင်မြင်တဲ့နောက် ပြင်သစ်ဗဟိုခံစစ်မှူး အမ်တီတီဘက် မြှားဦးလှည့်လာတာပါ။ ဘာစီလိုနာကလည်း မန်ယူရဲ့ အဓိက ခံစစ်သမား လင်ဒီအော့ကို ခေါ်ယူနိုင်ဖို့ရာ ပြောင်းရွှေ့ကြေး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းဘက်ကတော့ ငြင်းဆန်မှုနဲ့ပဲ တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
မန်ယူဘက်ကတော့ လင်ဒီအော့နဲ့ တွဲဘက်ပေးဖို့ရာ ခံစစ်မှူးသစ် ရှာဖွေနေဆဲဖြစ်ပြီး ဘာစီလိုနာမှ အမ်တီတီနည်းတူ ဈေးကွက်ထဲမှာ ခေါ်ယူလို့ ရနိုင်မယ့် ထိပ်တန်း ခံစစ်သမားတွေကို စုံးစမ်းမှုတွေ လုပ်နေပါတယ်။