အင်္ဂလန် ယူ-၂၁ အသင်းမှ ညာအစွန်လူ ဘစ်ဆာကာကိုတော့ ပဲလေစ့် ကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းအပြင် ထပ်တိုး ၅ သန်း ပါဝင်တဲ့ သဘောတူညီမှုနဲ့ ခေါ်ယူထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၃၈ ပွဲမှာ ၅၄ ဂိုးထိ ပေးထားခဲ့ရတာကြောင့် မန်နေဂျာ ဆိုးရှားက ၄င်းရဲ့ ပထမဆုံး ရာသီပြည့် ကိုင်တွယ်ရမယ့် အချိန်မှာ ထိပ်တန်း ညာခြမ်းခံစစ်သမား တစ်ဦး အင်အားဖြည့်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။

မန်ယူဟာ ဘစ်ဆာကာကို ပဲလေစ့်မှာ သူရခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀ ရဲ့ ခုနှစ်ဆနီးပါးအဖြစ် ပေါင် ၈၀၀၀၀ ထိ ပေးချေ သွားမယ် လို့ သိရတယ်။ နောက်ထပ် ကစားသမားသစ် ဒန်နီရယ်ဂျိမ်းကိုတော့ တစ်ပတ်လုပ်ခ ပေါင် ၆၇၀၀၀ ထိ ပေးချေသွားမယ်လို့ သိရပါတယ်။

ဝိန်းရွန်းနီက ဘစ်ဆာကာကို အိုထရတ်ဖိုဒ့်ရဲ့ ကြီးမားတဲ့ ဓလေ့ထုံးစံတွေကို နှစ်သက်စွာ ပွေ့ဖက်ပြီး ကလပ်အသင်းအတွက် ဘယ်လို ပြိုင်ပွဲတွေမှာမဆို အကြောက်တရားမရှိ ရဲရင့်စွာ ကစားပေးပါဖို့ တောင်းဆိုထားပါတယ်။

ဘစ်ဆာကာဟာ မန်ယူနဲ့ ဆေးစစ်မှုတွေ လုပ်ခဲ့ပြီဖြစ်ပြီး အောင်မြင်ခဲ့ပြီဖြစ်ကာ အတည်ပြု သတင်းတွေ ထွက်ပေါ်လာဖို့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။