အာဆင်နယ်ဟာ ဒီနွေအပြောင်းအရွှေ့မှာ ၄င်းတို့ရဲ့ အဓိက တိုက်စစ်သမား အူဘာမီယန်ကို မဟာပြိုင်ဘက် ယူနိုက်တက်ထံ ရောင်းချဖို့ စဉ်းစားလာနိုင်ကြောင်းကို သတင်းထောက် Andy Goldstein နဲ့ ဘီဘီစီ သတင်းဌာနတွေက အကျယ်တဝန်း ဖော်ပြလာခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုနဲ့အတူ နွေအသုံးစရိတ် ပေါင် ၄၅ သန်းပဲ ရထားတဲ့ အာဆင်နယ်ဟာ မနှစ်က ကလပ်အသင်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၃၁ ဂိုးပိုင်ရှင်ကို မန်ယူထံ ပေါင် ၇၀ သန်းနဲ့ ရောင်းလိုနေပြီး ကစားသမားကလည်း စိတ်ဝင်စားနေပါတယ်။
မန်ယူဟာ ဘစ်ဆာကာကို ပဲလေစ့်မှာ သူရခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀ ရဲ့ ခုနှစ်ဆနီးပါးအဖြစ် ပေါင် ၈၀၀၀၀ ထိ ပေးချေ သွားမယ် လို့ သိရတယ်။ ဒန်နီဂယ်ဂျိမ်းကိုတော့ တစ်ပတ်လုပ်ခ ပေါင် ၆၇၀၀၀ ထိ ပေးချေသွားမယ်လို့ သိရပါတယ်။
မန်ယူဟာ အင်္ဂလန်သား လူငယ်လေးတွေကို ဆက်လက် ချိတ်ဆက်ဖို့ ပြင်ဆင်နေပြီး နယူးကာဆယ်မှ အသက် ၂၁ နှစ်အရွယ် လောင်းစတပ်နဲ့ လက်စတာမှ အသက် ၂၂ နှစ်အရွယ် မတ်ဒီဆန်လို အင်္ဂလန်ကွင်းလယ်လူတွေကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေသေးတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဖာနန်ဒက်ရဲ့ အေးဂျင့် အိုရှိုဂူနဲ့ အပြောင်းအရွေ့ဖြစ်မြောက်လာဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှစပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပေါင် သန်း ၇၀ ခန့် အသုံးပြုရဖွယ်ရှိတယ်လို့ ပေါ်တူဂီသတင်းစာတွေက ဆိုပါတယ်။
မန်ယူကစားသမားသစ် ဖြစ်လာတော့မယ့် ဘစ်ဆာကာက ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အကြောင်း ဖြေဆိုမှု လုပ်ပေးရာမှာတော့ “ အီဒင်ဟာဇက်ဟာ ကျနော်အတွက် အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ ” လို့ ဖြေပေးခဲ့ပါတယ်။
မန်ယူကွင်းလယ်လူဟောင်း ဟာရဲရားဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနှင့် ဆေးစစ်မှု ခံယူပြီးပြီဖြစ်ပြီး ဇူလိုင် ၁ ရက် တနင်္လာနေ့မှာ ပီအက်စ်ဂျီကစားသမားအဖြစ် တရားဝင် ကြေငြာမှာဖြစ်တယ်။
မန်ယူအသင်းဟာ ခံစစ်မှူးသစ်ကို ဈေးကွက်အတွင်း ရှာဖွေလာခဲ့ရင်းက ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး အမ်တီတီကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနေပြီ ဈေးစုံစမ်းမှုကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူနည်းပြဆိုးရှားဟာ မိုနာကို ကွင်းလယ်လူ တိုင်လေမန်းကို ခေါ်ယူရန် စာရင်းတွင်းထားပေမယ့် ကလပ်ရဲ့ အဓိက ပစ်မှတ်တွေက အခြားသော ကွင်းလယ်ကစားသမားတွေဖြစ်ကြောင်း သိရပါတယ်။