ဘာနာတို နာမည်နဲ့ ကျောနံပါတ်ပါ မန်စီးတီးဂျာစီ အွန်လိုင်းမှာ ပေါက်ကြားမှု ရှိနေပါတယ်။ အဝေးကွင်းဂျာစီဖြစ်ပြီး SportsDirect ကနေ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးအတွက် မက်ဂွဲယားဟာ လီဗာပူးရဲ့ ဗန်ဒိုက်လိုပဲ အသင်းကို သက်ရောက်မှု ကြီးကြီးမားမား ရှိစေနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ မက်ဂွဲယားရဲ့ လက်စတာအသင်းဖော်ဟောင်း Vicente Iborra က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
စီးတီးဟာ အသင်းက ထွက်ခွာသွားတဲ့ ကွန်ပနီနေရာအတွက် မက်ဂွဲယားကို ခေါ်ယူလိုပေမယ့် လက်စတာ တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေတာပါ။
မန်စီးတီးဟာ ဖလာမင်ဂိုအသင်းမှ ဆယ်ကျော်သက် ကစားသမား Reinier ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ကစားသမားရဲ့ ဖခင်ဖြစ်သူက အီသီးဟတ် လေ့ကျင့်ရေးကွင်းကို လာရောက်ကြည့်ခဲ့ပြီး သဘောကျခဲ့လို့ ရီးရဲလ်မက်ဒရစ်ကို ကျော်လွန်ပြီး အနိုင်ရဖို့ အခြေအနေ ကောင်းနေတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရမယ်ဆိုရင် နည်းပြ ဂွာဒီယိုလာကို ဆုံးရှုံးရလိမ့်မယ်လို့ ဒေးလီးမေးလ်က သုံးသပ် ဖော်ပြထားပါတယ်။ လက်ရှိမှာ ဂွာဒီယိုလာက မန်စီးတီးနဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ် ရှိနေပြီး သက်တမ်းတိုးမှုတွေ ဆက်မလုပ်လာသေးပါဘူး။
ဘရာဇီးဘက်က ယုံကြည်ရဖွယ်ရှိတဲ့ သတင်းတချို့အဆိုအရ မန်စီးတီးအသင်းဟာ Grêmio အသင်းမှ ဘရာဇီးသား တိုက်စစ်သမား အဲဗာတန်ကို ခေါ်ယူဖို့ ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာက ၄င်းအသင်းဟောင်း ဘာစီလိုနာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ နေမာနဲ့ ဂရစ်စမန်း နှစ်ဦးလုံးက ကစားသမားကောင်းတွေ ဖြစ်ပြီး ဘာစီလိုနာအတွက် အင်အားကြီး တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။