အေစီမီလန်အသင်းဘက်က စိတ်ဝင်တစား ချဉ်းကပ်မှုတွေ ရှိနေပေမယ့် အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားက ၄င်းဟာ ပရီးမီးယားလိဂ်မှာ ရှိနေပြီး အာဆင်နယ်အသင်းမှာ ပါဝင်ခွင့်ရတာ ပျော်ရွှင်နေကြောင်း ပြောကြားလိုက်ကာ အသင်းပြောင်းမယ့် သတင်းများကို ငြင်းဆန်လိုက်ပါတယ်။

စီးရီးအေကလပ် အေစီမီလန်က တော်ရဲရားကို နှစ်ရာသီ အငှားအတွက် ပေါင် ၄.၅ သန်း နဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်မှာတော့ အပြီးသတ် ခေါ်ယူမှုအဖြစ် ပေါင် ၂၅ သန်း ပေးရမယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဒီနွေအပြောင်းအရွှေ့မှာ ၄င်းတို့ရဲ့ အဓိက တိုက်စစ်သမား အူဘာမီယန်ကို မဟာပြိုင်ဘက် ယူနိုက်တက်ထံ ရောင်းချဖို့ စဉ်းစားလာနိုင်ကြောင်းကို ဘီဘီစီ သတင်းဌာန သုံးသပ် ဖော်ပြလာခဲ့ပါတယ်။ အူဘာမီယန်က အာဆင်နယ်နဲ့ နှစ်နှစ် စာချုပ် ကျန်ရှိနေပြီး အသက် ၃၀ အရွယ် တိုက်စစ်သမားကို ယူနိုက်တက်ဟာ ယခင် ဗန်ပါစီကို ခေါ်ယူခဲ့တုန်းကလိုပဲ ခေါ်ယူလိုနေတယ်။

အူနိုင်း အမ်မရီဟာ ချယ်ဆီးကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် အာဆင်နယ်အသင်း ထိပ်သီးပိုင်းများအား မူစတာဖီကို ရောင်းချဖို့ ပြောကြားခဲ့ကြောင်း သတင်းများမှာ ဖော်ပြလာကြပါတယ်။

အာဆင်နယ်အသင်းဟာ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို တတ်နိုင်သမျှ အစွမ်းကုန် ထုတ်ပြီးတောင် ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း ဂန်းနား ဟောင်းကြီး ကီဗင် ကမ့်ဘဲလ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ၄င်းတို့ တိုက်စစ်မှူး အတွက် ပေါင် သန်း ၈၀ အထိ တောင်းဆိုထားပြီး အာဆင်နယ် မတတ်နိုင်တဲ့ ပမာဏ ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ ၄င်းတို့ ပစ်မှတ်ထားနေတဲ့ အသက် (၂၄)နှစ်သား အီဘာကွင်းလယ်လူ ယိုဟန်ဂျော်ဒန်ကို ဆီဗီလာအသင်းထံမှ ပေါင် (၁၃)သန်း နဲ့ ခေါ်ယူနိုင်ပါတော့မယ်။

တီရာနေးကို ခေါ်ယူလိုပါက အာဆင်နယ် အနေနဲ့ ပေါင် ၁၅ သန်းထက် တော်တော်များများ ပိုမိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှသာ ရနိုင်မယ်လို့ ဆဲလ်တစ် ဘော့စ် နေးလ်လီနွန်က သတိပေးလိုက်ပါတယ်။ ဆဲလ်တစ် ဘယ်ခြမ်း ခံစစ်မှူး အတွက် အာဆင်နယ်က ပေါင် ၁၅ သန်းနဲ့ ကနဦး ကမ်းလှမ်းခဲ့ကာ ပယ်ချခံထားရပါတယ်။