ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူရန် ကွင်းလယ်ကစားသမား အစ္စကို ကို အလိုက်ပေးကာ ငွေသားထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်လာပါတယ်။

ရီးရဲလ် ဥက္ကဌက အစ္စကို ကို အသင်းမှာ ဆက်ထားဖို့ အလိုမရှိဘဲ ကစားသမားသစ်တွေနဲ့ ပြန်လည် တည်ဆောက်လိုနေတာပါ။ ဇီဒန်းကတော့ စပိန်သားဟာ လာမယ့် ဘောလုံးရာသီအတွက် တစ်စိတ်တစ်ဒေသတွင် အသုံးဝင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပြီး ဆက်လက်ထိန်းသိမ်းချင်ေ နပါတယ်။

စပိန်က သတင်းများအရ ပီးရက်ဇ်သည် ဇီဒန်းလည်း လိုချင်နေသော အိုးထရက်ဖို့ဒ်မှ ပေါ့ဘာကို ဒီနွေမှာ ခေါ်ယူလို့ ရရန်အတွက် အစ္စကို ကို အလိုက်ပေး ကမ်းလှမ်းပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ် နဲ့ ကြံစည်ထားကြောင်း သိရှိရပါတယ်။

ထို့ကြောင့် မက်ဒရစ်သည် ပေါ့ဘာအတွက် နောက်ထပ် ပေါင်သန်း ၄၀ လောက်သာ ကုန်ကျဖွယ် ရှိနေပါတယ်။ အစ္စကိုသည် မက်ဒရစ်တွင် ၆ နှစ် ကြာ ကစားခဲ့သူဖြစ်ပြီး ၄င်းကို မန်စီးတီး အသင်းကလည်း ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။