မန်ယူနည်းပြ ဆိုးရှားဟာ ဒန်နီရယ် ဂျိမ်းစ်နဲ့ ၀မ် ဘစ်ဆာကာတို့ကို ခေါ်ယူနိုင်ပြီးနောက် နောက်ထပ် အပြောင်းအရွှေ့အဖြစ် တတိယမြောက် ခေါ်ယူမှုကို လုပ်ဆောင်နိုင်ဖို့ လှုပ်ရှားနေပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တတိယမြောက် ခေါ်ယူမှုအဖြစ် ကွင်းလယ် ပစ်မှတ်ကစားသမား နှစ်ဦး ဖြစ်တဲ့ လောင်းစတပ်၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အိုးထရက်ဖို့ဒ်ဆီ အရောက် ခေါ်ယူနိုင်ဖို့ လှုပ်ရှားနေမှုတွေ ရှိနေပါတယ်။

စပို့တင်းလစ္စဘွန်းမှ ဘရူနို ဖာနန်ဒက်စ်ကို မန်စီးတီး၊ လီဗာပူး၊ စပါးတို့နဲ့ အပြိုင် အချိန်ယူ ကြိုးစားခဲ့ရာမှာ ပြိုင်ဘက် ကလပ်အသင်းတွေ နောက်ဆုတ် သွားခဲ့တာကြောင့် မန်ယူပဲ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

ဖာနန်ဒက်စ် အေးဂျင့် ဖြစ်သူ Miguel Pinho ကို ဒီတလော အင်္ဂလန်မှာ တွေ့ခဲ့ရပြီး မန်ယူနဲ့ သဘောတူညီမှုရတော့မယ် ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အသင်းကနေ ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ ထွက်ခွာသွားတာကြောင့် ကွင်းလယ်ကစားသမားသစ် ခေါ်ယူလိုနေပါတယ်။

အလားတူပဲ နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ကို ခေါ်ယူဖို့ နှောင့်နှေးနေပေမယ့် ကစားသမားကိုယ်တိုင် သူ့ရဲ့ ဇာတိကလပ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေသလို အခြားသော ဦးစားပေးတွေအတွက် ဈေးခေါ်မှု အဆင်မပြေရင် အင်္ဂလန်သားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဒါပေမယ့် အချိန်ယူ ကြိုးစားနေတဲ့ မန်ယူရဲ့ အပြောင်းအရွှေ့ ဟာ ပေါ့ဘာ အသင်းမှာပါ် မူတည်ပြီးလည်း အစီအစဉ် ပြောင်းလဲမှုတွေ ရှိနိုင်နေပါတယ်။ ကွင်းလယ်တွေ ပြီးရင် မန်ယူ ပစ်မှတ်ထဲမှာ ထိပ်သီး ဗဟိုခံစစ်မှူး တစ်ဦး ပါဝင်နေသေးပြီး မက်ဂွဲရား သတင်းကြီးနေပေမယ့် အသင့်တော်ဆုံး ခံစစ်သမားကို ရှာဖွေနေပါတယ်။

မန်ယူဟာ အပြောင်းအရွှေ့မှာ ပေါင် သန်း ၆၀ အသုံးပြုထားပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထပ်ဝင်လာဖို့ ရှိနေပြီး ခပ်မြန်မြန်တော့ လှုပ်ရှားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။