ချယ်ဆီးက အငှားချထားတဲ့ မိုရာတာကို အပြီးသတ် ခေါ်ယူဖို့ရာ ကလပ်အသင်းဘက်က သက်မှတ်ထားတဲ့ ပေါင် သန်း ၅၀ ကို တီကိုဘက်က မပေးလိုတာကြောင့် အပြောင်းအရွှေ့ ပျက်မယ့် အနေအထားကို ရောက်နေပါတယ်။
ချယ်ဆီးအသင်းဟာ အိုဒွိုင်းအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါပြီ။ ဒီနွေအတွက် ဂျာမန် အင်အားကြီး ကလပ်အသင်းက ပေါင် ၂၂.၅ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးအသင်းကနေ အငှား ကစားရာမှ ဂျူဗင်တပ် ပြန်ရောက်လာတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်ကို ရိုးမားအသင်းက အငှားခေါ်ယူရန် ပြင်ဆင်နေကြောင်း အီတလီသတင်းတွေမှာ ဖော်ပြနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဇူလိုင်လ ပထမအပတ်ထဲမှာ အိုင်ယာလန်နိုင်ငံကို စတင်ထွက်ခွာလာမှာဖြစ်ပြီး ရာသီကြို အဖွင့်ပွဲစဉ်တွေကို ပရိသတ် (4227) ဦးဆံ့တဲ့ Bohemians အသင်းရဲ့ အိမ်ကွင်း Dalymount Park မှာ စတင်ကစားမှာပါ။
ဘောလုံးရာသီ မစခင်မှာပဲ ချယ်ဆီးအသင်းမှ မားကို့စ်အလွန်ဆိုနဲ့ ဇက်ပါကော်စတာတို့ဟာ စတန်းဖို့ဘရစ်ခ်ျကနေ ထွက်ခွာလိုနေပါတယ်။ ၄င်းတို့ နှစ်ဦးလုံးဟာ နောက်ပိုင်းနှစ်များမှာ ပွဲကစားခွင့် များများစားစား မရတော့ဘဲ နေရာ ပျောက်ဆုံးနေပါတယ်။
ချယ်ဆီးအသင်းရဲ့ လာမယ့် ရာသီကြို ပွဲစဉ်များကို အတည်ပြုကြေငြာပြီး ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- July 10: Bohemian (A)
- July 13: St Patrick (A)
- July 19: Kawasaki Frontale (A)
- July 23: Barcelona (Japan)
- July 28: Reading (A)
- July 31: RB Salzburg (A)
- August 3: B Monchengladbach (A)