မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ အသင်းတို့ဟာ ဟော့ဖန်ဟိမ်း လူငယ်ကြယ်ပွင့် Ilay Elmkies ကို ခေါ်ယူရန်အတွက် အပြိုင်အဆိုင် ပစ်မှတ်ထား ကြိုးစားမယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။

၎င်းတို့ ၂ သင်းစလုံးဟာ လက်စတာအသင်းမှ ခံစစ်သမား မက်ဂွဲရားကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြတာဖြစ်ပြီး ဂျာမနီလိဂ်မှ လူငယ်ကစားသမားဟာ ဒုတိယမြောက် ထိပ်တိုက်တွေ့မှု ဖြစ်လာခဲ့ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၂.၅ သန်း ကျသင့်နိုင်မှာ ဖြစ်တယ်။

အသက် ၁၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်ကစားသမားလေးဟာ ဟော့ဖန်ဟိမ်းအသင်းကြီးမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသထားသူပါ။ အစ္စရေး ကွင်းလယ်လူသည် မနှစ်က ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ စီးတီးဘက်ကို ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

ဟော့ဖန်ဟိမ်းအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာနဲ့ တူညီတဲ့ အရည်အချင်းရှိသူလို့ လူသိများတဲ့ လူငယ်ကစားသမားရဲ့ အနာဂတ်ဆုံးဖြတ်ချက်ဟာ မန်ချက်စတာ နှစ်သင်းအနက် တစ်သင်းကို ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ လာမည့်ရာသီမှာ ပြည်တွင်း နဲ့ ဥရောပပြိုင်ပွဲတွေအတွင်း စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ဖို့ ယခုနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် များစွာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။