မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ အင်္ဂလန်သား ညာအစွန်လူ ဘစ်ဆာကာကို ၅ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသင်းဝဘ်ဆိုဒ်ကနေ အတည်ပြု ကြေငြာခဲ့ပါပြီ။
ရီးရဲလ်မက်ဒရစ်က ဒီဂီယာကို ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့်လည်း ခေါ်ယူနိုင်ခဲ့ခြင်းတော့မရှိခဲ့ပဲ လက်ရှိမှာ စိတ်ဝင်စားမှုကို အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မန်ယူ ပစ်မှတ်ထဲမှာ ထိပ်သီး ဗဟိုခံစစ်မှူး တစ်ဦး ပါဝင်နေသေးပြီး မက်ဂွဲရား သတင်းကြီးနေပေမယ့် အသင့်တော်ဆုံး ခံစစ်သမားကို ရှာဖွေနေပါတယ်။ မန်ယူဟာ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်သမာအတွက် ပေါင် သန်း ၆၀ အနည်းဆုံး အသုံးပြုဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူရန် ကွင်းလယ်ကစားသမား အစ္စကို ကို အလိုက်ပေးကာ ငွေသားထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်လာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တတိယမြောက် ခေါ်ယူမှုအဖြစ် ကွင်းလယ် ပစ်မှတ်ကစားသမားတွေကို ချိန်ရွယ်နေပြီး အိုးထရက်ဖို့ဒ်ဆီ အရောက် ခေါ်ယူနိုင်ဖို့ လှုပ်ရှားနေမှုတွေ ရှိနေပါတယ်။
နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ကို ခေါ်ယူဖို့ နှောင့်နှေးနေပေမယ့် ကစားသမားကိုယ်တိုင် သူ့ရဲ့ ဇာတိကလပ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေသလို အခြားသော ဦးစားပေးတွေအတွက် ဈေးခေါ်မှု အဆင်မပြေရင် အင်္ဂလန်သားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အားထားရတဲ့ ဂိုးသမား ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ လစာတိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့တယ်။ ဥရောပကလပ်တွေက စိတ်ဝင်စားမှုတွေ လျော့ကျခဲ့လို့ ဒီဂီယာဟာ မန်ယူနဲ့ပဲ သက်တမ်းတိုးမယ့် အလားအလာတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဆန်းချက်ပါဝင်တဲ့ ချီလီအသင်းဟာ ကိုပါအမေရိက ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ အသင်းပရိသတ်တွေကတော့ သူ့ကို အခွင့်အရေး တစ်ကြိမ် ထပ်ပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ အသင်းတို့ဟာ ဟော့ဖန်ဟိမ်း လူငယ်ကြယ်ပွင့် Ilay Elmkies ကို ခေါ်ယူရန်အတွက် အပြိုင်အဆိုင် ပစ်မှတ်ထား ကြိုးစားမယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဖာနန်ဒက်စ် အေးဂျင့် ဖြစ်သူ Miguel Pinho ကို ဒီတလော အင်္ဂလန်မှာ တွေ့ခဲ့ရပြီး မန်ယူနဲ့ သဘောတူညီမှုရမယ် ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အသင်းကနေ ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ ထွက်ခွာသွားတာကြောင့် ကွင်းလယ်ကစားသမားသစ် ခေါ်ယူလိုနေပါတယ်။