မန်ယူဟာ ကလပ်ရဲ့ လူစာရင်းအင်​အားကို သြဂုတ်​လ 11 ရက်​နေ့မှာ ကစားမယ့် ချဲလ်​ဆီးအသင်းနဲ့ ရာသီအဖွင့်​ပွဲစဉ်​ မတိုင်​မှီ တောင့်​တင်းခိုင်​မာဖို့ ကြိုးစားနေပြီး နောက်ထပ် လှုပ်ရှားမှုကို စတင်လာပါပြီ။

ဒီရက်တွေထဲမှာ မန်​ချက်​စတာယူနိုက်​တက်​ဟာ ဘာစီလိုနာ ကွင်းလယ်လူ ရာကီတစ်အတွက် ပေါင် ၃၁ သန်းတန် ကမ်းလှမ်းမှု လုပ်ခဲ့ပြီး အပြောင်းအရွှေ့အတွက် ချိတ်ဆက်ခဲ့ပေမယ့် စပိန်ကလပ်ဘက်က ပယ်​ချခဲ့တယ်လို့ သိရပါတယ်။

ခရိုအေးရှား ကွင်းလယ်​ကစားသမားဟာ မန်​ချက်​စတာယူနိုက်​တက်​ရဲ့ ကာလ​ရှည်​ ပစ်​မှတ်​တစ်​ခုဖြစ်​ခဲ့ပြီး ယခင်အကြိမ်တွေက မအောင်မြင်ထားတာကြောင့် ယခုတစ်​ကြိမ်​ ကမ်းလှမ်းမှုအသစ်​ ပြုလုပ်​ခဲ့တာဖြစ်​ပါတယ်​။

မန်နေဂျာဆိုးရှားဟာ လူငယ်ကစားသမားတွေ များပြားနေတဲ့ ကလပ်အသင်း ကွင်းလယ်ကို ဝါရင့်ကစားသမားတစ်ဦး အင်အားဖြည့်လိုနေတယ်။ ဒီတစ်ကြိမ်မှာတော့ ရာကီတစ်​ကို ပြောင်းရွှေ့ကြေး ပေါင် 31 သန်းဖြင့်​ ခေါ်ယူဖို့ စတင်​ဆွေးနွေးလာတာ​ပါ​။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကစားသမားအတွက်​ ပေါင် 31 သန်းဖြင့်​ ကမ်းလှမ်းလာမှုကို ပယ်​ချခဲ့ပြီး အနည်းဆုံး ပေါင် 45 သန်း အလိုရှိနေတာဖြစ်​ပါတယ်​။